စစ်ကိုင်းတိုင်း ၊ ယင်းမာပင် မြို့နယ်အတွင်းရှိ ကျေးရွာများမှ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်စစ်ကြောင်းသည် ရက်ပေါင်း ၉၁၈ ရက်အဖြစ် စက်တင်ဘာလ ၂၆ရက် ယနေ့တွင် ချီတက်ခဲ့ကြသည်။
လူထုသပိတ်စစ်ကြောင်းသည် “ငါတို့သံမတ် ၊ ငါတို့အသံ Our Ambassador – Our Voice” ဆိုသည့် စာတန်းကိုင်ဆောင်ပြီး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ခြင်း ဖြစ်သည်။
ဆက်လက်၍ သပိတ်စစ်ကြောင်းသည် ကျဆုံးသော အာဇာနည်များကို အလေးပြုခဲ့ကြပြီး ကြွေးကြော်သံများဖြင့် အဆုံးသတ်ခဲ့ကြသည်။
ယင်းမာပင်နှင့် ဆားလင်းကြီး ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စာတည်း - သန့်ဇော်(သန်လျင်)