စစ်အာဏာရှင်ဆန့်ကျင်ရေး ၉၁၈ ရက်မြောက် ရွာပေါင်းစုံချီတက်

By ပါခွီး (မဇ္စျိမ)
26 September 2023
 စစ်အာဏာရှင်ဆန့်ကျင်ရေး ၉၁၈ ရက်မြောက် ရွာပေါင်းစုံချီတက်

စစ်ကိုင်းတိုင်း ၊ ယင်းမာပင် မြို့နယ်အတွင်းရှိ ကျေးရွာများမှ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုသပိတ်စစ်ကြောင်းသည်  ရက်ပေါင်း ၉၁၈ ရက်အဖြစ် စက်တင်ဘာလ ၂၆ရက် ယနေ့တွင် ချီတက်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ငါတို့သံမတ် ၊ ငါတို့အသံ Our Ambassador – Our Voice” ဆိုသည့် စာတန်းကိုင်ဆောင်ပြီး ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍ သပိတ်စစ်ကြောင်းသည် ကျဆုံးသော အာဇာနည်များကို အလေးပြုခဲ့ကြပြီး ကြွေးကြော်သံများဖြင့် အဆုံးသတ်ခဲ့ကြသည်။

ယင်းမာပင်နှင့် ဆားလင်းကြီး ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly