စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့်ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံပွဲကို ယနေ့ စက်တင်ဘာ လ ၂၅ ရက်တွင် ပြုလုပ်ကြသည်။
လူထုသပိတ်စစ်ကြောင်းသည် "Our Ambassador – Our Voice" စာတမ်းကိုကိုင်ဆောင်ကာ ကြွေးကြော် သံများဟစ်ကြွေးချီတက်ခဲ့ကြကြောင်း သိရသည်။
“ကုလသမဂ္ဂက ဦးကျော်မိုးထွန်းကို သံအမတ်အဖြစ်ဆက်လက်ထားရှိမယ့်အကြောင်းကြားရတာ ဝမ်းသာ ရပါတယ်။ သံအမတ်ကနေတဆင့် မြန်မာပြည်သူပြည်သားတွေ မတရား မီးရှို့ဖျက်ဆီး သတ်ဖြတ်ခံနေရ တဲ့အပေါ်ကိုလည်း ထိရောက်တဲ့အရေးယူမှုတွေပြုလုပ်ဖို့ ကုလကိုတောင်းဆိုချင်ပါတယ်”ဟု ကျေးရွာ ပေါင်းစုံသပိတ်ကော်မတီဝင်တဦးက မဇ္စျိမကို ပြောသည်။
ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်များအတွင်းရှိ ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှစတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ကြခြင်းဖြစ်ပြီး ယနေ့သည်(၉၁၇)ရက် မြောက်နေ့အဖြစ် ချီတက်ကြခြင်းဖြစ်ကြောင်း သိရသည်။
စာတည်း။ ။ ဖူးသိမ်ကျ