မုံရွာတွင် ဒေသကာကွယ်ရေးစခန်း ၂ခုကို စစ်ကောင်စီဖျက်ဆီး၊ ရဲဘော်များအချိန်မီတိမ်းရှောင်နိုင်ဟုဆို

By ပါခွီး (မဇ္စျိမ)
25 September 2023
မုံရွာတွင် ဒေသကာကွယ်ရေးစခန်း ၂ခုကို စစ်ကောင်စီဖျက်ဆီး၊ ရဲဘော်များအချိန်မီတိမ်းရှောင်နိုင်ဟုဆို
ပုံအညွှန်း - စစ်ကောင်စီတပ်က မီးရှို့ခဲ့မှုကြောင့် အပျက်စီးများမြင်တွေ့ရစဥ် (ဓါတ်ပုံ - ပေးပို့)

စစ်ကိုင်းတိုင်း၊ မုံရွာမြိုနယ်တောင်ဘက်ရှိ ကျေးရွာအချို့ကို စစ်ကောင်စီတပ်ကစစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး ဒေသကာကွယ်ရေးစခန်းနှစ်ခုကို မီးရှို့ဖျက်ဆီးသွားသည်။

အနောက်မြောက်တိုင်းစစ်ဌာနချုပ်မှ ထွက်လာသည့် အင်အား၂၀၀ခန့်ပါသည့် စစ်ကြောင်းက နဂါးတွင်း ၊ ကျွန်းသစ်၊ ဆူးလေကုန်းနှင့် ထန်းလေးပင်ရွာတို့ကို ယမန်နေ့  စက်တင်ဘာလ ၂၄ရက် နံနက် ၆နာရီမှ စ၍ စစ်ကြောင်းထိုးလာခြင်းဟု သိရသည်။

" ရဲဘော်တွေတော့အကုန်လွတ်တယ်။ စခန်းနှစ်ခုကို မီးရှို့သွားတာတော့ရှိတယ်ဗျ" ဟု မုံရွာမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် ဒေသကာကွယ်ရေးစခန်းအပြင် ဆိုင်ကယ်နှစ်စီးကို မီးရှို့သွားပြီး ဘေးပတ်ဝန်းကျင်ရှိဈေးဆိုင်အချို့ကို  ဖောက်ထွင်းသွားကြောင်းမုံရွာ -အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး တာဝန်ရှိသူတဦးက မဇ္စျိမကိုပြောသည်။ပျက်စီးဆုံးရှုံးမှုတန်ဖိုး ခန့်မှန်းခြေ ကျပ် သိန်း၄၀ခန့်ရှိနိုင်သည်ဟု ဆိုသည်။

" သူတို့ဖြတ်သန်းလာတဲ့တောလမ်းကြောင်းမှာ တွေ့လို့ လုပ်တယ်လို့ မြင်ပါတယ်။ အတိအကျနဲ့ ဝင်တာတော့ မဟုတ်လောက်ဘူး" ဟု မုံရွာမြို့မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တဦးကပြောသည်။

အဆိုပါ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ပြန်လည်တိုက်ခိုက်မှုများရှိခဲ့သည်။ မကြာမီသတင်းထုတ်ပြန်မည်ဟု သိရသည်။

စာတည်း - အေးချမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required