အက်ကြောင်းလိုက်လာနေတဲ့ အကြမ်းဖက် စစ်ကောင်စီ

By မဇ္ဈိမ 
25 September 2023
အက်ကြောင်းလိုက်လာနေတဲ့ အကြမ်းဖက် စစ်ကောင်စီ

အကြမ်းဖက် စစ်ကောင်စီဟာ အာဏာသိမ်း ကာလ ၃ နှစ်အတွင်း ဝင်လာချိန်မှာ ဖယိုဖရဲ ပရမ်းပတာနဲ့ တိုင်းပြည်အပေါ် အုပ်ချုပ်လို့ မရတဲ့အပြင် သူ့ရဲ့ စစ်ကောင်စီ အဖွဲ့ဝင်တွေအကြားမှာလည်း အက်ကြောင်း လိုက်လာနေပြီဆိုတာ သေချာသလောက် ဖြစ်နေပါတယ်။

အကြမ်းဖက် စစ်ကောင်စီဟာ တိုင်းပြည်ရဲ့ လူမှုဘဝ စီးပွားရေး ကောင်းမွန်တိုးတက်အောင် လုပ်နိုင်ဖို့ဝေးလို့ ၃ နှစ်အတွင်းမှာ မြန်မာ့စီးပွားရေးကို ဦးစောက်ဂျွန်းပြန်ထိုးကျအောင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

အောက်ခြေက စစ်သားတွေကို ထိုးကျွေးပြီး စစ်တိုက်ခိုင်းနေလို့ စစ်ကောင်စီ တပ်သားတွေ တစ်နေ့ တစ်နေ့ အသေအပျောက်များနေတာ သတင်းတွေအရ၊ အချက်အလက်တွေအရ တွေ့မြင်နေကြရမှာပါ။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly