သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံချီတက်သည့် ကျေးရွာပေါင်းစုံသပိတ်

By ပါခွီး (မဇ္ဈိမ)
11 September 2023
သံအမတ်ကြီး ဦးကျော်မိုးထွန်းအား ထောက်ခံချီတက်သည့် ကျေးရွာပေါင်းစုံသပိတ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းအားထောက်ခံသည့် ချီတက်ဆန္ဒပြပွဲကို ယနေ့ စက်တင်ဘာလ ၁၁ ရက်တွင် ပြုလုပ်ခဲ့သည်။

လူထုသပိတ်စစ်ကြောင်းသည် Our Ambassador – Our Voice စာတမ်းကိုင်ဆောင်ပြီး ကြွေးကြော်သံ များဟစ်ကြွေးချီတက်ခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့အစိုးရ(NUG)နှင့် ကုလသံအမတ်ကြီး ဦးကျော်မိုးထွန်းတို့ တရားဝင်မှုအရေးတိုက်ပွဲ (Credential Campaign) ကို မြေပြင်နှင့်အွန်လိုင်းမှာပါ လူထုတိုက်ပွဲ၊ လူထုလှုပ်ရှားမှုများဖြင့် ဝိုင်းဝင်တိုက်ပွဲဝင်ကြရန် တော်လှန်ရေးအင်အားစုများက တိုက်တွန်းထားသည်။

ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တို့မှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်နေ့မှစတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ၉၀၂  ရက် မြောက်ချီတက်ခြင်းဖြစ်ကြောင်း သိရသည်။

#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly