နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြားမှာ ချောင်ပိတ်မိလာတဲ့ စစ်ကောင်စီ

By မဇ္ဈိမ 
07 September 2023
နိုင်ငံတကာ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြားမှာ ချောင်ပိတ်မိလာတဲ့ စစ်ကောင်စီ

ဒီလပိုင်းအတွင်း အမေရိကန်အသစ်ချမှတ်လိုက်တဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုဟာ အာဏာသိမ်း စစ်ကောင်စီကို အတော်လေးအကြပ်ရိုက်သွားစေခဲ့တာတွေ့ရပါတယ်။ 

စစ်ကောင်စီရဲ့အဓိကဘဏ်ကြီးနှစ်ခုဖြစ်တဲ့ မြန်မာ့နိုင်ငံခြား ကုန်သွယ်မှုဘဏ်နဲ့ မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်းဝယ်ရေးဘဏ်တို့ကို အမေရိကန်က စီးပွားရေးပိတ်ဆို့ လိုက်ပြီးနောက် စင်ကာပူက အဓိကဘဏ်တစ်ခုဖြစ်တဲ့ United Overseas Bank (UOB) ဘဏ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံပိုင် Sonali ဘဏ်တို့ကလည်း စစ်ကောင်စီဘဏ်နှစ်ခုနဲ့ ဆက်ဆံမှုအားလုံးကို ရပ်ဆိုင်းလိုက်တာကြောင့် အတော်လေး ဂယက်ထသွားခဲ့တာဖြစ်ပါတယ်။ ရက်ပိုင်းအတွင်းမှာ ငွေကြေးဖောင်းပွမှုနှုန်း မြင့်တက်သွားသလို ကျပ်ငွေတန်ဖိုးကလည်း ထပ်ပြီးဇောက်ထိုးဆင်းသွားခဲ့တာပါ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly