စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့လျှပ်စစ်ရုံးမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်တွေက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦးသေဆုံးပြီး လက်နက်ခဲယမ်း အချို့သိမ်းဆည်းရမိတယ်လို့ သိရပါတယ်။
ယမန်နေ့ စက်တင်ဘာ ၅ ရက်နေ့ ညနေပိုင်းမှာ ဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီစစ်ဆင်ရေးအတွက် ငါးရက်ခန့် အချိန်ယူပြီး ကြိုတင်ပြင်ခဲ့ရတယ်လို့ ကျောင်းသားတော်လှန်ရေးတပ် (SRF) တပ်မှူး ဆရာစံက ပြောပါတယ်။
မင်းကင်းမြို့နယ်မှာ စစ်ကောင်စီတပ်အပြင် လက်နက်ကိုင်ဆောင်ထားကြတဲ့ ပျူစောထီးတွေဟာ ဒေသခံပြည်သူတွေကို အနိုင်ကျင့်ခြိမ်းခြောက်တာတွေ၊ လက်နက်ခဲယမ်းတရားမဝင်ရောင်းချတာတွေ လုပ်ဆောင်နေတယ်လို့လည်း ဆရာစံက ပြောပါတယ်။
ရုပ်သံတင်ဆက်-လွှမ်းမိုး
ရုပ်သံတည်းဖြတ်-ဂျူချန်း