စစ်ကောင်စီအတွက် နောက်ထပ်အိပ်မက်ဆိုးဖြစ်လာတဲ့ ရိုးမအရှေ့ခြမ်း

By မဇ္ဈိမ 
06 September 2023
စစ်ကောင်စီအတွက် နောက်ထပ်အိပ်မက်ဆိုးဖြစ်လာတဲ့ ရိုးမအရှေ့ခြမ်း

ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်အတွင်းက အာဏာသိမ်း စစ်ကောင်စီရဲ့ ရှေ့တန်းအခြေစိုက် စခန်း ၅ ခုကိုကရင် အမျိုးသားအစည်းရုံး(KNU)လက်အောက်ခံ တပ်မဟာ ၃ ကတစ်ပြိုင်တည်းတိုက်ခိုက်သိမ်းပိုက်ပြီးနောက် ပဲခူး ရိုးမတစ်ကြော တိုက်ပွဲခေါ်သံတွေ ဆူညံလာတာတွေ့ရပါတယ်။ 

အာဏာရှင်တော်လှန်ရေးအစပိုင်းမှာ KNU တပ်မဟာ ၃ နယ်မြေတွေမှာသာထိတွေ့တိုက်ပွဲတွေရှိခဲ့ရာကနေ အခုဆိုရင် စစ်တောင်းမြစ် အနောက်ဘက်ကမ်း အထိရောက်လာခဲ့ပြီဖြစ်ပါတယ်။ 

ကာ/လုံမှာ အာဏာသိမ်း စစ်ခေါင်းဆောင်ကိုယ်တိုင်ဝန်ခံထားတဲ့သူတို့မထိန်း နိုင်တော့တဲ့နယ်မြေတွေထဲမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းမြောက်ခြမ်း၊ ကယားပြည်နယ်၊ကရင်ပြည်နယ်၊ ချင်း ပြည်နယ်၊ တနင်္သာရီတိုင်းတို့နဲ့အတူ ပဲခူးတိုင်းအရှေ့ခြမ်းလည်း ပါဝင်နေခဲ့တာပါ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly