ရှေ့မတိုးနိုင်ဖြစ်နေသည့် မြန်မာငြိမ်းချမ်းရေးအစီအစဉ်ကို ပြန်လည်သုံးသပ်ရန် အာဆီယံသံတမန်များ တွေ့ဆုံ

ရှေ့မတိုးနိုင်ဖြစ်နေသည့် မြန်မာငြိမ်းချမ်းရေးအစီအစဉ်ကို ပြန်လည်သုံးသပ်ရန် အာဆီယံသံတမန်များ တွေ့ဆုံ
A seat for Myanmar's delegate is seen empty during the Asean Foreign Ministers’ Meeting in Jakarta on Sept 4. PHOTO: REUTERS

အရှေ့တောင်အာရှ နိုင်ငံများ၏ ထိပ်တန်းသံတမန်များသည် ၎င်းတို့ ဒေသတွင်းအုပ်စု၏ ရှေ့မတိုးနိုင်ဖြစ်နေသော မြန်မာဆိုင်ရာ ငြိမ်းချမ်းရေးအစီအစဉ်နှင့်ပတ်သက်ပြီး စက်တင်ဘာ ၄ ရက်တွင် ပြန်လည်သုံးသပ်ကြမည် ဖြစ်သည်။
မြန်မာတွင် လွန်ခဲ့သည့် နှစ်နှစ်ကျော်အကြာက အာဏာသိမ်းခဲ့သည့် စစ်အုပ်စုသည် အကြမ်းဖက်မှုတို့ကို ရပ်ဆိုင်းရန် ပျက်ကွက်နေခြင်းအတွက် အာဆီယံအုပ်စုတွင်း စိတ်ပျက်လက်ပျက်ဖြစ်မှုတို့ ကြီးထွားလာလျက် ရှိသည်။

မြန်မာ့အရေးကိစ္စအပြင် တောင်တရုတ်ပင်လယ်ဆိုင်ရာ ကျင့်ဝတ်စည်းမျဉ်းများ ကိစ္စ၊ ဒေသ စီးပွားရေး၊ နိုင်ငံဖြတ်ကျော် ရာဇဝတ်မှုနှင့် အခြား အရေးကိစ္စများနှင့် ပတ်သက်ပြီး ဆွေးနွေးရန် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများသည် ယခုသီတင်းပတ်တွင် အင်ဒိုနီးရှားနိုင်ငံ၏ မြို့တော် ဂျကာတာတွင် တွေ့ဆုံကြခြင်း ဖြစ်သည်။

မြန်မာသည် အာဆီယံ အဖွဲ့ဝင် တနိုင်ငံဖြစ်သော်လည်း ၂၀၂၁ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရွေးကောက်ခံ အစိုးရကို စစ်တပ်က ဖြုတ်ချ အာဏာသိမ်းခဲ့ပြီးကတည်းက မြန်မာ အာဏာသိမ်းစစ်အုပ်စု ခေါင်းဆောင်များသည် အာဆီယံထိပ်သီးအစည်းအဝေးများ တက်ခွင့်မရဘဲ ပိတ်ပင်ခံထားရသည်။

အကြမ်းဖက်မှုတို့ ရပ်ဆိုင်းရေး၊ သက်ဆိုင်သူများအကြား ဆွေးနွေးရေးတို့ကို တောင်းဆိုထားသည့် ဘုံသဘောတူညီချက် ငါးရပ်ဟု သိကြသည့် ငြိမ်းချမ်းရေး အစီအစဉ်တရပ်ကို အာဆီယံက သဘောတူထားသော်လည်း မြန်မာစစ်အုပ်စုဘက်က ပါးစပ်ပြောမျှသာ ရှိပြီး လက်တွေ့လိုက်နာအကောင်အထည်ဖော်ရန် ပျက်ကွက်ထားသည်။

“အာဆီယံခေါင်းဆောင်တွေ လုပ်ပိုင်ခွင့်ပေးထားတဲ့အတိုင်း ကျွန်မတို့ နိုင်ငံခြားရေးဝန်ကြီးတွေအနေနဲ့ မြန်မာ့အရေးဆိုင်ရာ ဘုံသဘောတူညီချက် ငါးရပ် အကောင်အထည်ဖော်မှုနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်မှုတခု ပြုလုပ်မှာ ဖြစ်ပြီး ခေါင်းဆောင်တွေ နှိုင်းချင့်စဉ်းစားဖို့အတွက် အကြံပြုထောက်ခံချက်တခုကို ပြင်ဆင်သွားမှာ ဖြစ်တယ်” ဟု အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး မာဆုဒီက အဖွင့်အမှာစကားတွင် ပြောဆိုသည်။

“မြန်မာမှာ ငြိမ်းချမ်းပြီး ရေရှည်တည်တံ့တဲ့ ဖြေရှင်းနည်းလမ်းတခု ရအောင် ကျွန်မတို့ လုပ်ဆောင်နိုင်မှသာလျင် အာဆီယံအနေနဲ့ အင်ပြည့်အားပြည့်နဲ့ ရှေ့ကို ဆက်သွားနိုင်မှာ ဖြစ်တယ်” ဟု မာဆုဒီက ပြောဆိုသည်။
၁၉၆၀ စစ်အေးခေတ် အထွတ်အထိပ်ကာလတွင် ဖွဲ့စည်းထူထောင်ခဲ့သည့် အာဆီယံအုပ်စု၏ စည်းလုံးညီညွတ်မှုနှင့် ထိထိရောက်ရောက် လုပ်နိုင်မှုတို့နှင့်ပတ်သက်ပြီး လက်ရှိ မြန်မာ့အကျပ်အတည်းက မေးခွန်းများကို ထွက်ပေါ်စေခဲ့သည်။

Asean diplomats meet to review stalled Myanmar peace plan

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly