တရုတ်ကုမ္ပဏီနှင့်စစ်အာဏာရှင်ကို ဆန့်ကျင်သည့် ရွာပေါင်းစုံသပိတ်

By ပါခွီး (မဇ္စျိမ)
01 September 2023
တရုတ်ကုမ္ပဏီနှင့်စစ်အာဏာရှင်ကို ဆန့်ကျင်သည့် ရွာပေါင်းစုံသပိတ်
ပုံအညွှန်း - ယနေ့ထွက်လာသည့် လူထုသပိတ်စစ်ကြောင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ပြည်သူများက ဒေသတွင်း ကြေးနီထုတ်လုပ်နေသည့် တရုတ်ကုမ္ပဏီများနှင့်  စစ်အာဏာရှင်အား ဆန့်ကျင်ဆန္ဒပြပွဲကို ယနေ့ စက်တင်ဘာ ၁ရက်တွင်ပြုလုပ်ခဲ့ကြသည်။ 

လူထုသပိတ်စစ်ကြောင်းသည် “ကြေးနီသတ္ထုတွင်းအကြောင်းပြု လူသတ်ပွဲလုပ် နေတာချက်ခြင်းရပ်”  “ " မြန်မာ - ဝမ်ပေါင် အလိုမရှိ" မြန်မာ - ယန်စီ အလိုမရှိ” ဟူသော စာတန်းများကိုင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဟစ်ကြွေး ချီတက်ခဲ့ကြခြင်းဖြစ်ကြောင်သိရသည်။

ဝမ်ပေါင်နှင့် ယန်စီကုမ္ပဏီသည် စစ်တပ်ကုမ္ပဏီ ဦးပိုင်နှင့်ပူးပေါင်းကာ  ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်တွင် ကြေးနီသတ္တု ထုတ်လုပ်နေခြင်းဖြစ်သည်။

သပိတ်အင်အားစုသည် ခေတ်အဆက်ဆက် ကျဆုံးခဲ့ရသော အာဇာနည်သူရဲကောင်းများကို ဦးညွှတ်အလေးပြုခဲ့ပြီး  သွေးသစ္စာသီချင်းကို သံပြိုင်သီဆိုခဲ့ကြသည်။

ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည်  (၈၉၃) ရက်မြောက်ချီတက်ခြင်းဖြစ်ကြောင်းသိရသည်။

စာတည်း - အေးချမ်း
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required