၂၀၀၀၀ တန်ဂယက်ကြောင့်

By မဇ္ဈိမ 
01 September 2023
၂၀၀၀၀ တန်ဂယက်ကြောင့်

စစ်ကောင်စီက သြဂုတ်လ ၃၁ ရက်နေ့မှာ ထုတ်ပေးမယ့် နိုင်ငံတဝှမ်းက Non-CDM ဌာနဆိုင်ရာ ဝန်ထမ်းတွေရဲ့ လစာငွေတွေထဲမှာ ကျပ် ၂ သောင်းတန် ငွေစက္ကူအသစ်တွေ ပါဝင်လာပါတော့မယ်။

 

စစ်ကောင်စီက နိုင်ငံတဝန်းကို ၂ သောင်းတန် ငွေစက္ကူအသစ်တွေ အလုံးအရင်းနဲ့ ပေးပို့နေပြီလို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။

 

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နဲ့ ခန္တီးက Non-CDM ဝန်ထမ်းတွေကို လစာပေးဖို့အတွက် စစ်တပ်က ရိက္ခာတင် သင်္ဘောတွေနဲ့ ၂ သောင်းတန် ငွေစက္ကူထုပ်တွေ သယ်ဆောင်လာပြီး အစိုးရဘဏ်ဝန်ထမ်းတွေပါ လိုက်ပါ လာကြောင်းနဲ့ လေကြောင်း၊ ရေကြောင်းတွေကနေ ၂ သောင်းတန် ငွေစက္ကူတွေကို အလုံးအရင်းနဲ့ သယ်ဆောင်နေပြီလို့ ရန်ကုန်ခေတ်သစ် သတင်းဌာနမှာ ဖော်ပြထားတာ တွေ့ရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly