ရုရှားကြေးစားတပ်ခေါင်းဆောင်သေဆုံးမှုအလွန် အာဖရိက | VOA On Mizzima

By မဇ္ဈိမ 
01 September 2023
ရုရှားကြေးစားတပ်ခေါင်းဆောင်သေဆုံးမှုအလွန် အာဖရိက | VOA On Mizzima

ရုရှားကြေးစားစစ်တပ် Wagner Group ခေါင်းဆောင် Yevgeny Prigozhin နဲ့အခြားခေါင်းဆောင်တချို့သေဆုံးခဲ့တဲ့ အတွက် ဒီတပ်ဖွဲ့တွေရဲ့အာဖရိကနိုင်ငံတွေမှာလုပ်ဆောင်နေတာတွေအပေါ် ဘယ်လို သက်ရောက်မှုရှိလာမလဲဆိုတာကို လေ့လာသုံးသပ်ဖို့ အချိန်စောနေနိုင်သေးပေမယ့်၊ တချို့သုတေသီတွေကတော့ ရေတိုအချိန်အတိုင်းအတာတခုအထိ အခက်အခဲရှိနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ အဓိကဆက်သွယ်လုပ်ဆောင်ခဲ့တဲ့ အဖွဲ့ရဲ့ ထိပ်တန်းခေါင်းဆောင် Prigozhin နေရာကို ခေါင်းဆောင်သစ်အစားထိုးဖို့ဟာ အချိန်ယူဖို့လိုမယ်လို့ သုံးသပ်ထားပါတယ်။ နိုင်ရိုဘီမြို့တော်က VOA ဌာနခွဲအကြီးအကဲ Mariama Diallo သတင်းပေးပို့ထားတာကို ကိုဇော်မိုးကျော် တင်ဆက်ထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly