ပြည်တွင်းဆန်ဈေးနှုန်း ကြီးမြင့်မှုကို ထိန်းချုပ်ဖို့ဆိုပြီး စစ်ကောင်စီနဲ့ ဆန်စပါးအသင်းချုပ်တို့က အစည်းအဝေး ခေါ်ယူပြီး ဆန်ဈေးနှုန်းတွေကို သတ်မှတ်ဈေးထက် ပိုမရောင်းဖို့နဲ့ ဈေးလျှော့ရောင်းချဖို့ ဖိအားပေး လုပ်ဆောင် နေပါတယ်။
သြဂုတ် ၂၆ ရက်နေ့ ရက်စွဲနဲ့ စစ်ကောင်စီရဲ့ ညွှန်ကြားမှုအရ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်က ဆန်ဈေးနှုန်းကို ထိန်းချုပ်ဖို့အတွက် ဆန်စက်လုပ်ငန်းရှင်တွေ၊ ဆန်လုပ်ငန်းရှင်တွေ၊ ဆန်စပါး ကုမ္ပဏီတွေကို တိုက်တွန်းနှိုးဆော်ချက် တစ်ရပ် ထုတ်ပြန်ပြီး ဖိအားပေးခဲ့တာ ဖြစ်ပါတယ်။