လောင်းလုံးတွင် “ဒို့အမျိုးသမီးတွေ အရှေ့ထွက်၊ အာဏာရှင်စနစ်ကို တိုက်ဖျက်” နှင်းဆီရောင် အမျိုးသမီးထုလှုပ်ရှားမှု ပြုလုပ်

By ကိုရွှေမြိတ် (မဇ္ဈိမ)
28 August 2023
လောင်းလုံးတွင် “ဒို့အမျိုးသမီးတွေ အရှေ့ထွက်၊ အာဏာရှင်စနစ်ကို တိုက်ဖျက်” နှင်းဆီရောင် အမျိုးသမီးထုလှုပ်ရှားမှု ပြုလုပ်

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ဩဂုတ်လ ၂၈ ရက်နေ့က နှင်းဆီရောင်အမျိုးသမီးထု လှုပ်ရှားမှုနှစ်နှစ်ပြည့်နေ့အဖြစ် နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂမှဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင် ရေးလူထုသပိတ် လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။

အဆိုပါ နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှုကို ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း၌ ပြုလုပ်ခဲ့ ခြင်းဖြစ်ပြီး တော်လှန်ရေးတပ်ဦးတွင် အမျိုးသမီးထု ဦးဆောင်ပါဝင်လာကြရန် တိုက်တွန်းလှုံ့ဆော်သည့် အနေဖြင့် “ဒို့အမျိုးသမီးတွေ အရှေ့ထွက်၊ အာဏာရှင်စနစ်ကို တိုက်ဖျက်” စာတန်းကိုင်ဆောင်ပြီး ချီတက် ဆန္ဒပြခဲ့သည်ဟု သိရသည်။

စာတည်း။  ။စောဖေ

#တနင်္သာရီတိုင်း
#လောင်းလုံးမြို့နယ်
#နှင်းဆီရောင်အမျိုးသမီးထုလှုပ်ရှားမှု
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly