ဆက်သွယ်ရေး လိမ်လည်မှု သံသယရှိသူ ၁၁ ဦးအား တရုတ်သို့ ပေးပို့ 

By China.org.cn 
26 August 2023
ဆက်သွယ်ရေး လိမ်လည်မှု သံသယရှိသူ ၁၁ ဦးအား တရုတ်သို့ ပေးပို့ 

မြန်မာနိုင်ငံမှ ဆက်သွယ်ရေး လိမ်လည်မှု သံသယရှိသူ ၁၁ ဦးကို ပေးပို့လာခြင်းအား တရုတ်ရဲတပ်ဖွဲ့က မကြာသေးမီက လက်ခံခေါ်ယူခဲ့ကြောင်း တရုတ် အများပြည်သူလုံခြုံရေးဝန်ကြီးဌာနက သောကြာနေ့တွင် ပြောသည်။ 

အဆိုပါ သံသယရှိသူများသည် မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း မြဝတီမြို့၌ မြန်မာရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားခြင်း ဖြစ်သည်။ ၎င်းတို့သည် တရုတ်ပြည်မကြီးမှ ပြည်သူများကို ပစ်မှတ်ထားပြီး ဆက်သွယ်ရေး လိမ်လည်မှုများ လုပ်ဆောင်နေသည်ဟု သိရကြောင်း ဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြသည်။ 

မကြာသေးသော နှစ်များအတွင်း တရုတ်ရဲတပ်ဖွဲ့၏ ဖြိုခွင်းခြင်းများကို ရှောင်ရှားရန် ဆက်သွယ်ရေးလိမ်လည်မှု ဂိုဏ်းများသည် ၎င်းတို့၏ ဒုစရိုက်နယ်မြေအား တရုတ်ပြင်ပသို့ ရွှေ့ပြောင်းလာမှု တိုးများလာကြောင်း ဝန်ကြီးဌာနက ဆိုသည်။ 

ယခုနှစ်စမှစကာ တရုတ်ရဲတပ်ဖွဲ့သည် ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ မြန်မာနှင့် လာအိုတို့မှ ရဲတပ်ဖွဲ့များနှင့် ပူးပေါင်းပြီး စစ်ဆင်ရေးများ ဆင်နွှဲရာ သံသယရှိသူ ၃၀၀ ကျော်ထက်မနည်းကို ဖမ်းဆီးရမိသည်ဟု ဝန်ကြီးဌာနက ဆိုပြီး ယခု ၁၁ ဦး အမှုကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ထပ်လောင်းပြောခဲ့သည်။ 

(မိုးသဲ ဘာသာပြန်သည်။) 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required