]ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကွိုင်ငံကျေးရွာအနီးရှိ ကွိုင်ငံရေထွက်အား တိုက်ပွဲဖြစ်ပွား ခြင်းမရှိဘဲ စစ်ကောင်စီတပ်က သြဂုတ်လ ၂၃ ရက်နေ့ ည ၁၀ နာရီတွင် တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။
စစ်ကောင်စီတပ်မှ တိုက်လေယာဥ်ဖြင့်ဗုံးကြဲမှုကြောင့် လူအထိအခိုက်မရှိသော်လည်း သစ်ပင်နှင့် တံတား များပျက်စီးခဲ့သည်ဟု ဆိုသည်။
“တိုက်ပွဲမရှိဘဲ ည ၁၀ နာရီဝန်းကျင်လောက်မှာ ဗုံးလာကြဲသွားတယ်။ လူအထိအခိုက်တော့ မရှိဘူး။ ရေ ထွက်ပေါက်နားမှာရှိတဲ့ ကက်သလစ်ဘာသာဝင်တွေရဲ့ ဇာရပ်တဆောင်နဲ့တံတားတစင်းရယ်၊ သစ်ပင် တွေ ပျက်စီးသွားတယ်” ဟု ဒေသခံတဦးက ပြောသည်။
အဆိုပါ ကွိုင်ငံရေထွက်သည် သဘာဝလှိုင်ဂူအတွင်းမှ ရေထွက်နေခြင်းဖြစ်ပြီး ပတ်ဝန်းကျင်ရှိ သစ်တော များကို ဒေသခံများကထိန်သိမ်းထားကာ အဏာမသိမ်းခင်က အများပြည်သူ လာရောက်လည်ပတ်အပန်း ဖြေသည့် နေရာဖြစ်သည်။
ယခုလက်ရှိတွင် ကွိုင်ငံရေထွက်အနီးတဝိုက်၌ ဒီးမော့ဆိုမြို့နယ်မှဒေသခံများ လာရောက်စစ်ဘေးရှောင် နေကြပြီး စစ်ကောင်စီတပ်မှ တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လုံခြုံရေးအခြေအနေ စိုးရိမ် နေကြကြောင်း သိရသည်။
စာတည်း။ ။စောဖေ
“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”