စစ်ကောင်စီက အကြမ်းဖက်လို့ကြေညာထားတဲ့ NUG ၊ PDF တွေနဲ့ တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်း သွားစရာ အကြောင်းမရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက သြဂုတ် ၂၂ ရက်နေ့က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်ပါတယ်။
NUG ၊ PDF တွေအနေနဲ့ အကြမ်းဖက်လုပ်ရပ်တွေကို မလုပ်တော့ပါဘူးလို့ ကမ္ဘာသိဝန်ခံမှသာ တွေ့ဆုံ ဆွေးနွေးမယ်လို့ သူက ဆိုပါတယ်။