ကြေးနီသတ္ထုတွင်းအကြောင်းပြု လူသတ်ပွဲရပ်ရန်တောင်းဆိုသည့် ကျေးရွာပေါင်းစုံသပိတ်

By ပါခွီး (မဇ္ဈိမ)
22 August 2023
ကြေးနီသတ္ထုတွင်းအကြောင်းပြု လူသတ်ပွဲရပ်ရန်တောင်းဆိုသည့် ကျေးရွာပေါင်းစုံသပိတ်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများစုပေါင်း၍ မြန်မာဝမ်ပေါင်၊ မြန်မာယန်စီကုမ္ပဏီ ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဩဂုတ်လ ၂၂ ရက် ယနေ့တွင် ချီတက် ဆန္ဒပြကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ကြေးနီသတ္ထုတွင်းအကြောင်းပြု လူသတ်ပွဲလုပ်နေတာ ချက်ခြင်းရပ်”  စာတန်းနှင့်အတူ မြန်ဝမ်ပေါင် အလိုမရှိ ၊ မြန်မာယန်စီ အလိုမရှိ စာသားများကိုင်ဆောင်ပြီး ကြွေးကြော် သံများဟစ်ကြွေးချီတက်ခဲ့ခြင်း ဖြစ်သည်။

ဝမ်ပေါင်နှင့် ယန်စီကုမ္ပဏီများ၏လုပ်ငန်းခွင်တွင် စစ်ကောင်စီတပ်များ စခန်းချနေပြီး ယင်းနေရာများမှ ထွက်၍ ပြည်သူများကို သတ်ဖြတ်၊ နေအိမ်မီးရှို့ဖျက်ဆီး၊ မုဒိမ်းကျင့် စသည့် လူမဆန်သောလုပ်ရပ်များ လုပ်ဆောင်နေပြီး စစ်ကောင်စီကို အထောက်အပံ့ပေးနေသောကြောင့် လက်မခံဘဲ သပိတ်မှောက် ဆန္ဒပြ ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမာပင်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းမှ ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ် လ ၉ ရက်နေ့မှစတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး ယနေ့သည် ရက်ပေါင်း ၈၈၃ မြောက် ချီတက်ခဲ့ခြင်းဖြစ်သည်။

စာတည်း။  ။စောဖေ

#စစ်ကိုင်းတိုင်း
#ကျေးရွာပေါင်းစုံသပိတ်စစ်ကြောင်း
#စစ်အာဏာရှင်ဆန့်ကျင်ရေး

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly