စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ မိုးရွာသွန်းပြီး ရာသီဥတု ဆိုးဝါးနေတဲ့အပြင် စစ်ကောင်စီတပ်က စစ်ကြောင်းတွေ ထိုးနေတဲ့ကြားက မြောင် နယ်လုံးဆိုင်ရာ ရေပေါ်သပိတ်ကို သြဂုတ်လ ၂၁ ရက် မနေ့က ကျင်းပခဲ့ပါတယ်။
ကုန်းပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်တွေပြုလုပ်ခဲ့သလို ရေပေါ်မှာလည်း စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ပြုလုပ်တာ ဖြစ်တယ်လို့ ဦးဆောင်သူတွေက ပြောပါတယ်။
တင်ဆက်၊တည်းဖြတ် - KMN
#မြောင်နယ်လုံးဆိုင်ရာ
#ရေပေါ်သပိတ်
#Mizzima