အညာဒေသက လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအကြား ပဋိပက္ခတွေ လျော့နည်းလာဖို့ တော်လှန်ရေးရဲဘော် တွေကို အတွေးအခေါ်လက်နက်တပ်ဆင်ပေးဖို့လိုအပ်နေတယ်  (ရုပ်သံ၊သတင်း)

By MTO (မဇ္စျိမ)
18 August 2023
အညာဒေသက လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့တွေအကြား ပဋိပက္ခတွေ လျော့နည်းလာဖို့ တော်လှန်ရေးရဲဘော် တွေကို အတွေးအခေါ်လက်နက်တပ်ဆင်ပေးဖို့လိုအပ်နေတယ်  (ရုပ်သံ၊သတင်း)

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်တော်လှန်ကြတဲ့ဒေသတွေထဲမှာ အညာလို့ ခေါ် ဝေါ် ကြတဲ့ စစ်ကိုင်းနဲ့ မကွေးဟာလည်း အားကောင်းတဲ့ဒေသတွေထဲတစ်ခုဖြစ်ပြီး အညာဒေသတခွင် ဟာ တော်လှန်ရေးတပ်ဖွဲ့ တွေ အမြောက်အမြား နဲ့ အာဏာရှင်ကို တွန်းလှန်နေကြတာဖြစ်ပါတယ်။

ဒီလိုတော်လှန်ရေးတပ်ဖွဲ့ တွေ များပြားအားကောင်းလာတာနဲ့ အမျှ တော်လှန်ရေးအဖွဲ့တွေအချင်းချင်း ကြားမှာ ပွတ်တိုက်မှုတွေဖြစ်လာတာတွေကိုလည်း ခပ်စိတ်စိတ်တွေ့လာနေရပါတယ်။

 ဒီလိုတော် လှန်ရေးတပ်ဖွဲ့တွေအကြား ပဋိပက္ခတွေ နေရတာဟာ စစ်ကောင်စီတပ်ကို ခုခံဖို့ သေနတ်တွေတပ်ဆင် ပေးထားပေမယ့်အတွေးအခေါ် လက်နက်မတပ်ဆင်ပေးနိုင်တဲ့အတွက် အခုလို ပဋိပက္ခတွေ များပြားလာ နေတာဖြစ်တယ်လို့  အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် (DRPA) အဖွဲ့ ခေါင်းဆောင်ကိုလင်းနွေက  မဇ္ဇျိမကို ပြောပါတယ်။

သတင်း - MTO
တည်းဖြတ်၊ တင်ဆက် - MTO
စာတည်း - အောင်ကျော်ဖြိုး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly