စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ 

By ပါခွီး (မဇ္စျိမ)
17 August 2023
စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲ 

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဩဂုတ်လ ၁ရက် ယနေ့တွင် ဆက်လက်ချီတက် ဆန္ဒပြကြပြသည်။

လူထုသပိတ်စစ်ကြောင်းသည် “ဖက်ဆစ်ဝင်ငွေ ဖြတ်တောက် ပြည်သူ့ဘဏ္ဍာ တည်ဆောက်” ဟူသည့် စာတန်းကို ကိုင်စွဲပြီး စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ခြင်းဖြစ်သည်။

ဆက်လက်၍ ကျဆုံးခဲ့သော အာဇာနည်အပေါင်းကို ဦးညွှတ်အလေးပြုခဲ့ ကြပြီး ထိုင်သပိတ်ပြုလုပ်၍ နိုင်ငံရေးတရားများဟောကြားကာ ကြွေးကြော်သံများဖြင့် ဆန္ဒပြပွဲကို ရုပ်သိမ်းခဲ့ကြသည်။

ယနေ့ဆန္ဒပြပွဲသည် ရွာပေါင်းစုံသပိတ်၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ၈၇၈ ရက်မြောက်ဖြစ်ကြောင်းသိရသည်။

ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required