မလေးရှားနိုင်ငံရှိ မြန်မာသံရုံးအမည်ဖြင့် ဖေ့စ်ဘုတ်စာမျက်နှာ အတု 

By ZZ (မဇ္ဈိမ)
17 August 2023
မလေးရှားနိုင်ငံရှိ မြန်မာသံရုံးအမည်ဖြင့် ဖေ့စ်ဘုတ်စာမျက်နှာ အတု 

မလေးရှားနိုင်ငံရှိ မြန်မာသံရုံးအမည်ဖြင့် ပုံစံတူ ဖေ့စ်ဘုတ်စာမျက်နှာတခု ပေါ်ပေါက် လျက်ရှိသည်။ 

“ Myanmar Embassy in Kuala Lumpur Malaysia” အမည် ဖေ့ဘုတ်ပေ့ချ်သည်  ပတ်စ်ပို့ပြုလုပ်ခြင်း၊ သက်တမ်းတိုးခြင်းများ ဆောင်ရွက်ပေးမည်ဟု ကြော်ငြာထားသည်။ အဆိုပါဖေ့စ်ဘုတ်စာမျက်နှာသည် ၂၀၁၉ ခုနှစ်တွင် “Flower Boy Wang Yibo” အမည်ဖြင့် စတင်အသုံးပြုခဲ့ပြီး ယခုအမည်သို့ ပြီးခဲ့သော ရက်ပိုင်း ၂၀၂၃ ခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် ပြောင်းလဲထားခြင်းဖြစ်သည်။ ၎င်းစာမျက်နှာအား စောင့် ဆိုင်းကြည့်ရှုသူ ၄,၅၀၀ ကျော်နှင့် ကြိုက်နှစ်သူ ၄,၂၀၀ ကျော်ရှိနေပြီ ဖြစ်သည်။ 

မဇ္ဈိမ၏အချက်အလက်စစ်ဆေးသူများမှ အဆိုပါဖေ့စ်ဘုတ်စာမျက်နှာအား အချက်အလက်စစ်ဆေးခဲ့ရာ တွင် အတုဖြစ်ကြောင်း တွေ့ရသည်။ 

မလေးရှားနိုင်ငံရှိ မြန်မာသံရုံး၏ တရားဝင်ဖေ့စ်ဘုတ်စာမျက်နှာမှာ “Myanmar Embassy in Kuala Lumpur, Malaysia” ဖြစ်ပြီး ဖေ့စ်ဘုတ်မှ အသိအမှတ်ပြုသည့် အပြာရောင်အမှတ်အသားလည်း ပါဝင် သည်။ 
ပေ့ချ်အစစ်တွင် သံရုံးလိပ်စာအတိအကျအား ဖော်ပြထားပြီး အတုတွင်မူ ထိုသို့ဖော်ပြထားခြင်း မရှိပေ။ 
ပေ့ချ်အစစ်၏ အမည်သည် Malaysia ရှေ့၌ ကော်မာ “,” ပါဝင်သည်။ ပေ့ချ်အတုတွင်မူ မပါဝင်ချေ။ 

ပေ့ချ်အတု၏ username သည် "daddyhxr" ဟု ဖော်ပြထားသည်။ ထို့ပြင် ၂၀၁၉ ခုနှစ်ကတည်းက “Flower Boy Wang Yibo” အမည်ဖြင့် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၃ ခုနှစ် မေလတွင် “Hiroaki’s Love Diary”အမည်သို့ ပြောင်းခဲ့သည်။ ယခင်က ဖော်ပြခဲ့ဖူးသည့် ပိုစ့်များမှာမူ မတွေ့တော့ပေ။ 

ပေ့ချ်အတု၏ မိတ်ဆက် “Intro” တွင် “ LOVE is LOVE   Love At First Sight” ဟု ဖော်ပြထားပြီး မလေးရှားသံရုံးနှင့် မည်သို့မျှ မသက်ဆိုင်ပေ။ 

ထို့ပြင် ဩဂုတ် ၈ ရက်နေ့တွင်ပင် “မလေးရှားနိုင်ငံဘုရင်မှ ဖွင့်လှစ်သည့် Royal Tiger Reserve နှင့် Tengku Hassanal Wildlife Reserve ဖွင့်ပွဲသို့ မြန်မာသံရုံးယာယီတာဝန်ခံတက်ရောက်” ဆိုသည့် ခေါင်း စဉ်ဖြင့် ပို့စ်တခုအား ဖြန့်ဝေထားသည်။ 
ထိုသတင်းမူရင်းမှာ အပြာရောင်အမှတ်အသားပါ သံရုံးပေ့ချ်အစစ်မှ ဇူလိုင် ၃၁ ရက်က ဖြန့်ဝေထားသည့် ပို့စ်ကို ပြန်လည်ဖော်ပြထားခြင်းသာ ဖြစ်သည်။ လင့် - 
https://bit.ly/3KGGx4y

ဩဂုတ် ၉ ရက်နေ့တွင်လည်း “အသိပေးကြေညာခြင်း” ဆိုသည့်ပို့စ်အားဖြန့်ဝေခဲ့ပြီး ယင်းပို့စ်တွင်ပါဝင် သည့်ပုံများမှာ ဇူလိုင် ၂၈ ရက်က သံရုံးပေ့ချ်အစစ်မှ ဖော်ပြထားခဲ့သည့် ပုံများဖြစ်သည်။ လင့် - 
https://bit.ly/3OYjm8n

ထို့ပြင် မြန်မာသံရုံးစာမျက်နှာအစစ်မှ ဩဂုတ် ၁၄ ရက်နေ့တွင် “Myanmar Embassy in Kuala Lumpur Malaysia” ဟူသည့်စာမျက်နှာသည် အတုဖြစ်ကြောင်း ၎င်းတို့နှင့်မသက်ဆိုင်ကြောင်း ထုတ်ပြန်ကြေညာ ထားသည်။ 
လင့် - 
https://bit.ly/3QC6KoP

အဆိုပါပေ့ချ်အတုသည် ဩဂုတ် ၈ ရက်တွင် “Passport ဖွင့်ရက်စောင့်နေကြတဲ့ လူကြီးမင်းများ online booking စနစ်နဲ့ တိကျမြန်ဆန်စွာ ရုံးထဲမှာ ကိုယ်တိုင်ဆောင်ရွက်ပေးပါတယ်ရှင့်” ဟုဆိုကာ ပတ်စ်ပို့စ် ပြုလုပ်ခြင်းနှင့် သက်တမ်းတိုးခြင်းများ ပြုလုပ်ပေးမည်ဟု ဖြန့်ဝေထားသည်။ 

ထိုပေ့ချ်အတုသည် နိုင်ငံကူးလက်မှတ်ပြုလုပ်သည့် ဝန်ဆောင်မှုများပြုလုပ်ပေးသည်ဟု ဖော်ပြနေပြီး ထိုမှတဆင့်  လိမ်လည်မှုများ ဖြစ်ပေါ်လာနိုင်သည်။ 
ထို့ကြောင့် လက်ရှိထွက်ပေါ်နေသည့် “Myanmar Embassy in Kuala Lumpur Malaysia” ဆိုသည့် ပေ့ချ်သည် ပတ်စ်ပို့စ်သက်တမ်းတိုးပေးမည်ဟုဆိုကာ အမှန်တကယ်ရှိသည့်ပေ့ချ်အစစ်မှ ဖော်ပြချက်များ အား ပြန်လည်ကူးယူကာဖော်ပြနေပြီး ပေ့ချ်အစစ်ဖြစ်သယောင်ဟန်ဆောင်ကာ လိမ်လည်ထားခြင်း ဖြစ် သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - 
https://bit.ly/3x5qnf5

 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly