ဌာနဆိုင်ရာ ထိပ်တန်းအရာရှိတွေကို ခေါ်ဆူရတဲ့ဘဝ ရောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီခေါင်းဆောင်

By Spring
15 August 2023
ဌာနဆိုင်ရာ ထိပ်တန်းအရာရှိတွေကို ခေါ်ဆူရတဲ့ဘဝ ရောက်နေတဲ့ အကြမ်းဖက် စစ်ကောင်စီခေါင်းဆောင်

အကြမ်းဖက် စစ်ကောင်စီ မင်းအောင်လှိုင်ဟာ ပြီးခဲ့တဲ့ အင်္ဂါနေ့က နေပြည်တော်မှာ နာရီနဲ့ ချီတဲ့ အစည်းအဝေး တစ်ရပ် ကျင်းပခဲ့ပြီး ဌာနဆိုင်ရာ အရာရှိတွေကို ခေါ်ဆူပူခဲ့တယ်ဆိုတဲ့ ဘီဘီစီ သတင်းတစ်ပုဒ် တွေ့ရပါတယ်။

သမ္မတအိမ်တော်မှာကျင်းပတဲ့ အဲဒီအစည်းအဝေးကို စစ်ကောင်စီရဲ့ ထိပ်တန်းအရာရှိ ၄၀၀ နီးပါးအထိ တက်ရောက်ခဲ့လို့ စစ်ကောင်စီအာဏာသိမ်းပြီး နောက်ပိုင်းကျင်းပတဲ့ အစည်းအဝေးတွေထဲမှာ အကြီးဆုံး ဖြစ်တယ်လို့လည်း သတင်းက ဆိုပါတယ်။

စစ်ကောင်စီ စစ်တပ်၊ စစ်ကောင်စီအစိုးရအဖွဲ့တွေတင် မကဘဲ တိုင်းဒေသကြီးနဲ့ ပြည်နယ် ဝန်ကြီးချုပ်တွေ၊ ညွှန်ကြားရေးမှူးချုပ်တွေကိုပါ စစ်ကောင်စီခေါင်းဆောင်က နေပြည်တော်ကို ဆင့်ခေါ်ပြီး အစည်းအဝေး ကျင်းပတယ်ဆိုပေမယ့် အစည်းအဝေးတောက်လျှောက် စစ်ကောင်စီ ခေါင်းဆောင်ရဲ့ ဆူပူသံတွေသာ ဖုံးလွှမ်းနေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly