ဖရူဆိုတိုက်ပွဲအတွင်း ကျဆုံးသွားသည့် KNDF ရဲဘော်ဝင်း‌မောင်၏ စျာပန

By ကိုဇာနည် (မဇ္ဈိမ)
14 August 2023
ဖရူဆိုတိုက်ပွဲအတွင်း ကျဆုံးသွားသည့် KNDF ရဲဘော်ဝင်း‌မောင်၏ စျာပန
Photo - KNDF B-04

ကရင်နီပြည်၊ ဖရူဆိုမြို့နယ်၊ကဒါလားရွာတွင် ပြီးခဲ့သည့် သြဂုတ်လ ၉ ရက်နေ့က စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တိုက်ပွဲ အပြင်းအထန်ဖြစ်ခဲ့ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ တပ်ရင်းအမှတ်(၄)၊ KNDF B-04 မှ ရဲဘော်၀င်းမောင်ကျဆုံးခဲ့သည်။

ရဲဘော်၀င်းမောင်(ခ)ဆီမိုးနယ်သည် စစ်ကောင်စီတပ်ကိုခုခံတိုက်ခိုက်ရင်းမြင့်မြတ်စွာကျဆုံးသွားသည်ဟု KNDF B-04 က ယမန်နေ့ ဩဂုတ်လ ၁၃ရက်က  ထုတ်ပြန်ထားသည်။

ရဲဘော်၀င်း‌မောင်(ခ)ဆီမိုးနယ်၏ကျဆုံးမှုအတွက် ကျန်ရစ်သူ မိသားစုနှင့်အတူထပ်တူ၀မ်းနည်းရပြီး  အာဇာနည် သူရဲကောင်းအဖြစ် မှတ်တမ်းတင် အလေးပြုပါသည်ဟု KNDF B-04 က ထုတ်ပြန်သည်။

" ကြယ်တပွင့် ကြွေလွင့်ခြင်း "ဟု KNDF B-04 ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရဲဘော် ဝင်းမောင် (ခ)ဆီမိုးနယ်သည် KNDF B-04 တွင်၂၀၂၁၊ဇွန်လ(၂၇)ရက်နေ့မှစ၍တာ၀န်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။ ၎င်း၏ စျာပနအခမ်းအနားကရင်နီပြည်နယ်တနေရာတွင် ယခုရက်ပိုင်း ပြုလုပ်ခဲ့သည်။

ကဒါလားရွာတိုက်ပွဲတွင် စစ်ကောင်စီဘက်မှထိခိုက်မှုကို KNDF B-04က ယနေ့ ဩဂုတ်လ ၁၄ရက်အထိ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။ ကဒါလားရွာတွင် တိုက်ပွဲဖြစ်သည့်နေ့က လွိုင်ကော်မြို့ပတ်လမ်း ၊နမ့်ကွန်ရေစီးကွေ့ တလျှောက်တွင်လည်း စစ်ကောင်စီတပ်နှင့် ကရင်နီပူးပေါင်းတပ်ဖွဲ့တို့တိုက်ပွဲဖြစ်ခဲ့သည်။ ထိုတိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးထက်မနည်းသေဆုံးခဲ့ပြီး ခုနစ်ဦးဒဏ်ရာရသွားကာ  စစ်ကားတစီးကို ဖျက်ဆီးနိုင်ခဲ့သည်ဟု KNDF က သတင်းထုတ်ပြန်ထားသည်။

စာတည်း - မောင်ကြီး

“Supported by the Staying Resilient Amidst Multiple Crises in Southeast Asia initiative of SEA Junction in partnership with CMB Foundation”
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required