နေ့မြင်ညပျောက် မသေချာမရေရာနဲ့ စစ်ဗိုလ်ချုပ်တွေ ဘဝ

နေ့မြင်ညပျောက် မသေချာမရေရာနဲ့ စစ်ဗိုလ်ချုပ်တွေ ဘဝ

တပ်ပျက်နေပြီပြောတော့လည်း သေလောက်အောင် နာတတ်ကြတယ်။ မဟုတ်ဘူးလားဆိုတော့လည်း ဟုတ်နေ တာပဲ။

စစ်တိုက်ထွက်ရမှာစိုးလို့ လာဘ်ပေးပြီး ရှောင်သူကရှောင်၊ ထွက်ပြေးသူကပြေးနဲ့ ဖြစ်ချင်တိုင်းဖြစ်နေတာ ကို တပ်ပျက်တာလို့မပြောရင် ဘယ်လိုပြောပေးရမလဲ။

တချို့မြို့နဲ့အလှမ်းဝေးတဲ့ နယ်စပ်မြို့နယ်တွေက တပ်တွေ ဆိုရင် တော်လှန်ရေးအင်အားစုတွေကို လက်နက်ချသွားတာမနည်းတော့ပါဘူး။

ဒါကို စစ်ကောင်စီက မဟုတ်မမှန် သတင်းတွေနဲ့ နောက်ကလိုက်ပြီး မနည်းဖုံးဖိနေရတာဖြစ်ပါတယ်။ အခုနောက်ပိုင်း တိုင်းမှူးနဲ့ စစ်ဒေသမှူးတွေ အထိ တပ်တွင်းအမိန့်ဖီဆန်မှုတွေလုပ်လာတာကို စစ်ကောင်စီ ကြုံနေရပြီး ဖမ်းဆီးစစ်ဆေးတာတွေလုပ်နေရတာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly