နေ့စဥ်ရက်ဆက် စစ်အာဏာရှင်ဆန့်ကျင်နေသည့် ရွာပေါင်းစုံသပိတ် 

By ပါခွီး (မဇ္ဈိမ)
13 August 2023
နေ့စဥ်ရက်ဆက် စစ်အာဏာရှင်ဆန့်ကျင်နေသည့် ရွာပေါင်းစုံသပိတ် 

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများမှ ဒေသခံများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး   ဆန္ဒပြပွဲကို ယနေ့ ဩဂုတ်လ ၁၃ရက်တွင်  ဆက်လက်ချီတက်ဆန္ဒပြကြပြသည်။

လူထုသပိတ်စစ်ကြောင်းသည် “လူထုအရေးတော်ပုံမှသည် တော်လှန်ရေးအောင်ပွဲ ဆီသို့” ဟူသည့် စာတမ်းကို ကိုင်စွဲပြီး စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ခြင်း ဖြစ်သည်။

ဆက်လက်၍ ကျဆုံးခဲ့သော အာဇာနည်အပေါင်းကို ဦးညွှတ်အလေးပြုခဲ့ ကြပြီး သွေးမော်ကွန်းတေးသီချင်းကိုသံပြိုင်သီဆိုကာ ကြွေးကြော်သံများဖြင့် ဆန္ဒပြပွဲ ကို ရုပ်သိမ်းခဲ့ကြသည်။

ယနေ့ဆန္ဒပြပွဲသည် ရွာပေါင်းစုံသပိတ်၏ စစ်အာဏာရှင်ဆန့်ကျင်ရေး ၈၇၄ ရက်မြောက်ဖြစ်ကြောင်းသိရသည်။
ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ခုနှစ် မတ်လ ၉ရက်မှ စတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#ယင်းမာပင်
#ဆားလင်းကြီး
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly