စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ

By ပါခွီး (မဇ္စျိမ)
10 August 2023
စစ်အာဏာရှင်ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် ချီတက်ဆန္ဒပြ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်နှင့် ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ စုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဩဂုတ်လ ၁၀ ရက် ယနေ့တွင် ချီတက်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် “လူထုအရေးတော်ပုံမှသည် တော်လှန်ရေးအောင်ပွဲ ဆီသို့” ဟူသည့် စာတန်းကိုင်စွဲပြီး စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ခြင်း ဖြစ်သည်။

သပိတ်စစ်ကြောင်းသည် ကျဆုံးခဲ့သောအာဇာနည်အပေါင်းကို ဦးညွှတ်အလေးပြုခဲ့ကြပြီး သွေးမော်ကွန်းတေးသီချင်းကို သံပြိုင်သီဆိုကာ ကြွေးကြော်သံများဖြင့် ဆန္ဒပြပွဲကို ရပ်နားခဲ့ကြသည်။

ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင်ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်းဟုသိရသည်။

စာတည်း ။ ။ Alden
စာမူတည်းဖြတ်။    ။သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly