အမေရိကန် လုံခြုံရေးကောင်စီဥက္ကဋ္ဌ ဖြစ်လာချိန် စစ်ကောင်စီကို ဖိအားပိုပေးနိုင်မလား(ဆောင်းပါး)

By မဇ္ဈိမ 
09 August 2023
အမေရိကန် လုံခြုံရေးကောင်စီဥက္ကဋ္ဌ ဖြစ်လာချိန် စစ်ကောင်စီကို ဖိအားပိုပေးနိုင်မလား(ဆောင်းပါး)

လာမယ့် ဩဂုတ် ၂၁ ရက်မှာ ကုလလုံခြုံရေးကောင်စီအစည်းအဝေးကို ကျင်းပသွားဖို့ရှိနေပါတယ်။

ဒီတစ်ကြိမ် ဩဂုတ်လအတွက် ကုလလုံခြုံရေးကောင်စီဥက္ကဋ္ဌတာဝန်ကို အမေရိကန်ကတာဝန်ယူသွားရမှာဖြစ်ပါတယ်။ မြန်မာ့အရေးမှာ အာဏာသိမ်း စစ်ကောင်စီကိုရှုတ်ချပြီးမြန်မာပြည်သူတွေဘက်က ရပ်တည်ခဲ့တဲ့အမေရိကန် အနေနဲ့ အခုလိုကာလမျိုးမှာလုံခြုံရေးကောင်စီဥက္ကဋ္ဌတာဝန်ယူဖို့ အချိန်ကျလာတာဟာ စိတ်ဝင်စားဖို့ကောင်း နေပါတယ်။

အမေရိကန်ဟာ အာဏာသိမ်း စစ်ခေါင်းဆောင်တွေအပါအဝင် စစ်ဗိုလ်ချုပ်တွေနဲ့ စီးပွားရေးအရဆက်နွယ်သူတွေကိုပါ အရေးယူဒဏ်ခတ်ပိတ်ဆို့မှုတွေ လုပ်ထားခဲ့တဲ့နိုင်ငံဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly