ဧပြီ ၆၊ လန်ဒန် ။ ။ ချယ်လ်ဆီးနည်းပြသစ်ကွန်တီသည် အင်္ဂါနေ့က ကစားသမားများနှင့် သွားရောက်တွေ့ဆုံခဲ့ပြီး အသင်းမှထွက်ခွာချင်သူများနှင့်လည်း တစ်ဦးချင်းတွေ့ဆုံမှုများပြုလုပ် သွားမည်ဖြစ်သည်။
ယူရို ၂၀၁၆ အပြီးတွင်အသင်းကိုစတင်တာဝန်ယူမည့်နည်းပြသစ် ကွန်တီသည် နည်းစနစ်ဒါရိုက်တာ အီမန်နာလိုနှင့်အတူ ချယ်လ်ဆီး ကော့ဟမ်းလေ့ကျင့်ရေးကွင်းသို့ အမှတ်မထင်ရောက်လာခဲ့ရာ ကစားသမားများ အံ့အားသင့်ခဲ့ကြရသည်။
နွေရာသီတွင်အသင်းကိုပြန်လည်တည်ဆောက်ရာ၌ မည်သူထွက်ခွာသွားချင်နေသည်ကို ကွန်တီကသိလိုပြီး ဟက်ဇက်၊ တယ်ရီ၊ မာတစ်၊ ဒီယေဂိုကော်စတာတို့နှင့် တစ်ဦးချင်းတွေ့ဆုံဆွေးနွေး ရန်ရှိနေသည်။
ပီအက်စ်ဂျီနှင့် ရီးယဲလ်မက်ဒရစ်တို့၏စောင့်ကြည့်ခြင်းခံနေရသည့် ဟက်ဇက်သည် တင်ပါးဒဏ်ရာမှသက်သာရန်ကြိုးစားနေရဆဲဖြစ်ပြီး စတမ်းဖို့ဒ်ဘရစ်ချ်တွင် ဆက်ရှိရန် မသေချာသူဖြစ်သည်။
မက်တစ်သည်လည်း ယခုနှစ်တွင်အဆင်မပြေဖြစ်နေပြီး အသင်းပြောင်းရန်အဆင်သင့်ဖြစ်နေကာ တိုက်စစ်မှူး ဒီယေဂိုကော်စတာကိုမူ အက်သလက်တီကိုအသင်းက စပိန်သို့ပြန်ခေါ်ချင်နေသည်။
အသင်းခေါင်းဆောင်တယ်ရီမှ ထိပ်ပိုင်းတာဝန်ရှိသူများကသဘောတူလျှင် ဆက်နေဖွယ်ရှိသော်လည်း အသက် ၃၅ နှစ်အရွယ်တွင် ကစားနိုင် စွမ်းရှိမရှိမှာ ကွန်တီ၏ဆုံးဖြတ်ချက်ပေါ် မူတည်နေသည်။
Ref; Daily Mail