လောင်းလုံးမှာ ၈၈၈၈ အထိမ်းအမှတ် စစ်အာဏာရှင် ဆန့်ကျင်‌ရေး ဆန္ဒပြ

By ကိုရွှေမြိတ် (မဇ္ဈိမ)
08 August 2023
လောင်းလုံးမှာ ၈၈၈၈ အထိမ်းအမှတ် စစ်အာဏာရှင် ဆန့်ကျင်‌ရေး ဆန္ဒပြ

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယနေ့ ဩဂုတ်လ ၈ ရက်နေ့တွင် ကျရောက်သော ၈၈၈၈ အရေးတော်ပုံ’ကြီး (၃၅) နှစ်ပြည့် အထိမ်းအမှတ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြခဲ့ကြသည်။

ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC) မှ ဦးဆောင်ပြီး ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုလှုပ်ရှားမှုကို “၈၈၈၈ စိတ်ဓါတ် ကိုင်စွဲ ၊ လူထုတော်လှန်ရေး ဆင်နွှဲ” စာသားပါ ဘန်နာကိုင်ဆွဲ ချီတက်ခဲ့ကြပြီး ၈၈၈၈ အရေးတော်ပုံကြီးတွင် ကျဆုံး ဒီမိုကရေစီ သူရဲကောင်း‌များကို ‌အလေးပြု ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြခြင်း ဖြစ်သည်။

#ဆန္ဒပြ
#၈၈၈၈
#Mizzima
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly