KBZ Bank  အမည်သုံးကာ ဘဏ်အကောင့်လုံခြုံရေး  အန္တရာယ်ရှိနေသည်ဟု ဖုန်းမှ စာတိုပေးပို့ခြင်းများ ရှိနေ

By ZZ (မဇ္ဈိမ)
08 August 2023
KBZ Bank  အမည်သုံးကာ ဘဏ်အကောင့်လုံခြုံရေး  အန္တရာယ်ရှိနေသည်ဟု ဖုန်းမှ စာတိုပေးပို့ခြင်းများ ရှိနေ

KBZ Bank အမည်ဖြင့် ဖုန်းမှ စာတို(sms)များပေးပို့ပြီး ဘဏ်အကောင့် အန္တရာယ်ရှိနေကြောင်း သတိပေးမှုများရှိနေသည်။ 

ဖုန်းမက်ဆေ့(SMS)တွင် KBZ Bank အမည်ဖြင့် “မင်္ဂလာပါ၊ သင့်အကောင့်ကို အခြားနေရာမှ လော့ဂ်အင် ဝင်ရန်တွေ့ရှိရပြီး ဖြစ်နိုင်ခြေရှိသောအန္တရာယ်ရှိပါသည်။ သင်၏ငွေကြေးလုံခြုံရေးနှင့် ငွေဘေးကင်းမှု အတွက်၊ စာရင်းသွင်းရန်နှင့်ကာကွယ်ရန် လင့်ခ့်ကိုနှိပ်ပါ” ဟုရေးသားထားပြီး လင့်တခုနှင့်တွဲလျက် စာတို ပေးပို့လျက်ရှိသည်။ 

ထိုအကြောင်း စာတိုပေးပို့ခံရသူများက ဖေ့စ်ဘုတ်တွင် ပုံနှင့်တကွဖော်ပြထားပြီး “အဲဒီလိုရောက်လာရင် Link ကို မနှိပ်လိုက်ပါနဲ့နော် ကိုယ့်ငွေတွေ အကုန်ပါသွားလိမ့်မယ်” ဟု သတိပေးထားသည်။ 

ထိုသို့ပေးပို့သည့် စာတိုမှာ ပြန်စာရေးသား၍လည်း မရချေ။ 

စာတိုတွင်ပါဝင်သည့် လင့်သို့ဝင်ရောက်သည့်အခါ Viber အကောင့်တစ်ခုသို့ ရောက်ရှိသွားမည်ဖြစ်သည်။ 

အဆိုပါ Viber နံပါတ်သည်လည်း လူတစ်ဦးဝင်လျှင် နံပါတ်တခုဖြစ်နေသည်။ နံပါတ်အတည်တကျ မရှိ ချေ။ 

မဇ္ဈိမ၏ အချက်အလက် စစ်ဆေးသူများမှ ထိုဖုန်းနံပါတ်များကို ဆက်သွယ်ရာတွင်လည်း စက်ပိတ်ထား ကြောင်းတွေ့ရသည်။ 

ထိုအကြောင်းကို ကမ္ဘောဇဘဏ်၏ တရားဝင်ဖေ့ဘုတ်စာမျက်နှာဖြစ်သော အပြာရောင်အမှတ်အသားပါ “KBZ Bank” ပေ့ချ်ကို ဆက်သွယ်ရာတွင် “အဆိုပါလင့်မှာ အမှန်မဟုတ်ကြောင်း၊ ကမ္ဘောဇဘဏ်နှင့်ပတ် သက်သော သတင်းအချက်အလက်များကို တရားဝင်ပေ့ချ်ဖြစ်သည့် အပြာရောင်အမှတ်အသားပါပေ့ချ်၌ သာဖော်ပြကြောင်း၊ လုံခြုံရေးအရ ဘဏ်အကောင့်များကို တရားဝင်မဟုတ်သည့် ပေ့ချ်၊ မက်ဆေ့နှင့် အက်ပလီကေးရှင်း၊ လင့်များတွင် ဝင်ရောက်ထည့်သွင်းအသုံးပြုခြင်းမပြုရန်” စာဖြင့် ပြန်လည်ဖြေ ကြား သည်။ 

ထို့ပြင် KBZ Bank ၏ တရားဝင်ပေ့ချ်၌လည်း “တခြားသူများမှ ပေးပို့လာသောလင်ခ့်များမှ အပ်ပလီကေး ရှင်းများကိုဒေါင်းလုဒ်ဆွဲခြင်းနှင့် မိမိရဲ့ကိုယ်ရေးကိုယ်တာအချက်အလက်များကို မယုံကြည်ရတဲ့ အပ်ပလီ ကေးရှင်းတွေပေါ်မှာ ဖြည့်စွက်ခြင်းမှ လုံးဝရှောင်ရှားဖို့ တိုက်တွန်းလိုက်ပါတယ်” ဟု ဗီဒီယိုဖိုင်နှင့်အတူ သတိပေး ဖော်ပြထားသည်။ 

လင့် - https://bit.ly/45gTda7 

ထို့ကြောင့် KBZ Bank အကောင့်လုံခြုံရေးအတွက် ဖုန်းဖြင့် စာတိုပေးပို့နေသည့်လင့်များသည် လင့်အတု များဖြစ်ပြီး မရေရာသည့် Viber အကောင့်များသို့ရောက်ရှိသွားကာ တရားဝင်ဆက်သွယ်ရန် ပေ့ချ် သို့ မဟုတ် မက်ဆေ့သို့‌ရောက်ရှိမည်မဟုတ်ကြောင်း အသိပေးလိုက်ရပါသည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် - https://bit.ly/3x5qnf5 သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ

#Misinformation_Buster
#Fake_News
#Kbz_Bank
#Spam_message
#SMS
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly