စစ်ကောင်စီ ပြုသမျှ နုနေရတဲ့ Non – CDM တွေ

By မဇ္ဈိမ 
07 August 2023
စစ်ကောင်စီ ပြုသမျှ နုနေရတဲ့ Non – CDM တွေ

၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်ကောင်စီက တရားမဝင် အာဏာသိမ်းပြီးတဲ့ နောက်ပိုင်း စစ်ကောင်စီကို ဆန့်ကျင်တဲ့ ပြည်သူတွေကြားမှာ အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) ဆိုတဲ့ စကားလုံး စတင် တွင်ကျယ် ခဲ့ပြီး ဆန္ဒထုတ်ဖော်ပွဲတွေမှာ လက်သုံးချောင်းထောင် ဆန္ဒပြခဲ့တာ အများအသိ ဖြစ်ပါတယ်။

လက်သုံးချောင်းထောင်ပြီး စစ်ကောင်စီရဲ့ အာဏာကို ဖီဆန် ဆန့်ကျင်တဲ့သူတွေထဲမှာ ပထမဆုံး ထင်ထင်ရှားရှား ရှိသူကတော့ အားလုံး သိကြတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းပဲ ဖြစ်ပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့နောက်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်း လက်သုံးချောင်း မထောင်ခင် ကတည်းက ရှေ့နေတွေ၊ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ပညာရေးဝန်ထမ်းတွေ၊ မီးရထား ဝန်ထမ်းတွေ အပါအဝင် ဌာနပေါင်းစုံက အရာထမ်းနဲ့ ဝန်ထမ်းတွေဟာ အကြမ်းမဖက်အာဏာဖီဆန်ပြီး CDM လုပ်ခဲ့ကြပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly