မလေးရှားတွင် တရားမဝင်နေထိုင်သူ မြန်မာနိုင်ငံသား ၄၀၀ ကျော်ဖမ်းဆီးခံရ

မလေးရှားတွင် တရားမဝင်နေထိုင်သူ မြန်မာနိုင်ငံသား ၄၀၀ ကျော်ဖမ်းဆီးခံရ
မလေးရှားနိုင်ငံတွင် မြန်မာနိုင်ငံသားများ တရားမဝင်နေထိုင်မှုကြောင့် ဖမ်းဆီးခံရစဥ် (ဓာတ်ပုံ-CJ)

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့ တွင် တရားမဝင်နေထိုင်သူ မြန်မာနိုင်ငံသား ၄၀၀ ကျော် သြဂုတ်လ ၅ ရက်က ဖမ်းဆီးခံရကြောင်း မလေးရှားမြန်မာသတင်းပြန်ကြားရေး (MIM)က သိရသည်။

ထိုနေ့ မနက်အစောပိုင်း ၁ နာရီခွဲခန့်တွင် မလေးရှားရဲများက  Taman Len Senဘက်တွင် ဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ကလေးနှင့် မိခင်များလည်း ဖမ်းဆီးခံခဲ့ရကြောင်း ထိုအဖြစ်အပျက်ကို မြင်တွေ့ခဲ့ရသူ Saya LLက ဆိုသည်။

"‌ဒီမနက်ဖမ်းဆီးခံရတဲ့ တိုက်ခန်း သုံးခုမှာက ချင်းတွေနေတာများတယ်။ ခါတိုင်းတော့ တိုက်တစ်ခု၀င်ရင် ကျန်တာမ၀င်ဘူး။ ဒီတကြိမ်တော့ အကုန်လုံးကို၀င်ပြီး မိသားစုလိုက်ပါ အကုန်ဖမ်းခေါ်သွားတယ်။  ကျွန်တော်တို့နေတဲ့ နေရာမှာတင်ပဲ အယောက်၁၀၀ကျော်လောက်ရှိမယ်။  ကျွန်တော်နေတဲ့  အဆောက်အအုံရဲ့အောက်
ဘက်မှာနေတဲ့ လူတွေလည်း အများကြီးပဲ အဖမ်းခံရတယ်။ သူတို့ကတော့  မြန်မာတွေနဲ့ဘင်္ဂလားတွေပဲ” ဟု ၎င်းကဆိုသည်။ 

မလေးရှားနိုင်ငံတွင် တရားမဝင် နေထိုင်မှုအပြင် Work Permit ထဲတွင် ဖော်ပြထားသည့် အလုပ်နှင့် လက်တွေ့လုပ်နေသည့် အလုပ်မတူလျှင်၊ စက်ရုံအမည်မတူလျှင် မလေးရှားနိုင်ငံ ရဲက ဖမ်းဆီးမည်ဖြစ်သည်။ ဖမ်းဆီးခံရပါက ထောင်ဒဏ်  သုံးလမှ ခြောက်လအထိ ချမှတ်ခံရနိုင်ပြီး ထောင်မှလွှတ်လျှင် မလေးရှားနိုင်ငံ လူမှုဝင်မှုကြီးကြပ်ရေး စီစဥ်ထားသည့် နေရာတွင် ခေတ္တနေရာပြီးနောက် သက်ဆိုင်ရာနိုင်ငံသို့ ပြန်ပို့ခံရသည်။ 
စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
# မလေးရှားနိုင်ငံ 
# တရားမဝင်နေထိုင်သူ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly