ဂျမူး-ကက်ရှ်မီးယား ဒေသတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဥပဒေ ပုဒ်မ ၃၇၀ ဖျက်သိမ်း ပြီးနောက် တိုးတက်ပြောင်းလဲ လာကြောင်း အိန္ဒိယအစိုးရ ပြောကြား

By LATESTLy
03 August 2023
ဂျမူး-ကက်ရှ်မီးယား ဒေသတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဥပဒေ ပုဒ်မ ၃၇၀ ဖျက်သိမ်း ပြီးနောက် တိုးတက်ပြောင်းလဲ လာကြောင်း အိန္ဒိယအစိုးရ ပြောကြား

ဂျမူး နှင့် ကက်ရှ်မီးယား ဒေသတွင် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ဥပဒေ ပုဒ်မ ၃၇၀ ကို တရားဝင် ဖျက်သိမ်းလိုက်ပြီးနောက်  ကဏ္ဍအသီးသီး တွင် ထူးထူးခြားခြား အသွင်ကူးပြောင်းမှုများ ပြုလုပ်ခဲ့ပြီး အခွင့်အလမ်းသစ်များနှင့် တိုးတက်မှုများဖြစ်စေခဲ့သည်။

ဒေသတွင်းရှိ ပညာရေးအဖွဲ့အစည်းများသည် အနှောင့်အယှက်မရှိ လည်ပတ်နေသလို လွယ်ကူ ချောမွေ့သော အင်တာနက် ဝန်ဆောင်မှုများရရှိနိုင်မှုက ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်ရန် အထောက်အကူတစ်ခု ဖြစ်လာသည်။

နယ်စပ်ခရီးသွားလာမှု တိုးတက် လာသဖြင့် နိုင်ငံအနှံ့ ခရီးသွားဧည့်သည်များ လာရောက်လည်ပတ်မှု များပြားလာကာ ဒေသ အသီးသီးတွင် ကမ္ဘာလှည့်ခရီးသွားများ ဝင်ရောက်မှု မြင့်တက်လာခဲ့သည်။ အဆိုပါ ပြောင်းလဲမှုများ၏ ဘက်စုံအကျိုးသက်ရောက်မှုများကို လေ့လာကြည့်လျှင် ပုဒ်မ ၃၇၀ ဖျက်သိမ်းပြီးနောက်တွင် ဒေသခံများနှင့် စီးပွားရေး လုပ်ငန်းရှင်များသည် ၎င်းတို့၏ အတွေ့အကြုံများနှင့် သိရှိနိုင်မှုများကို မျှဝေကြ သောကြောင့် ဖြစ်သည်။

ပညာရေးဆိုင်ရာ အဖွဲ့အစည်းများ အဆင်ပြေ ချောမွေ့စွာ လည်ပတ်နေမှုသည် ပုဒ်မ ၃၇၀ အလွန် အသွင်ကူးပြောင်းခြင်း၏ အထင်ရှားဆုံး အပြုသဘောဆောင်သည့် ရလဒ်များထဲမှ တစ်ခုဖြစ်သည်။ အကူးအပြောင်းကာလတွင် စိန်ခေါ်မှုများရှိနေသော်လည်း ကျောင်းများနှင့် ကောလိပ်များသည် ကျောင်းသားများအား တည်ငြိမ်ပြီး အနှောက်အယှက်ကင်းသော သင်ကြားရေးပတ်ဝန်းကျင်ကို ပံ့ပိုးပေးလျက်ရှိပါသည်။

အကူးအပြောင်း ကာလတွင် ပညာရေး အတွက် မယိမ်းမယိုင် လုပ်ဆောင် နိုင်သော အခွင့်အလမ်းများအတွက် စိတ်အားထက်သန်မိကြောင်း ဆရီနာဂျား ရှိ အစိုးရကျောင်းဆရာ အာဂျက် အာမက် က ထုတ်ဖော်ပြောကြားသည်။ 

"ကျွန်တော်တို့ရဲ့ ကျောင်းသားတွေနဲ့ ဝန်ထမ်းတွေက ပြသခဲ့တဲ့ ခံနိုင်ရည်အားက ချီးကျူးစရာပါ။ လူငယ်တွေကြားထဲမှာ အသစ်တဖန် သင်ယူမှုနဲ့ ပညာရေးဆိုင်ရာ တိုးတက်မှုအတွက် စိတ်အားထက်သန်မှုကို မြင်တွေ့နေရပါတယ်" ဟု ၎င်းက ဆိုသည်။

လွယ်ကူချောမွေ့သော အင်တာနက် ဝန်ဆောင်မှုများကြောင့် အွန်လိုင်း လုပ်ငန်းများ အဆင်ပြေလာပြီး နိုင်ငံတစ်ဝှမ်းရှိ ဖောက်သည်များနှင့် ချိတ်ဆက်နိုင်၍ ယခင် က လက်လှမ်းမမီသော စျေးကွက် များကို လက်လှမ်းမီလာကြောင်း ဂျမူး မှ စွန့်ဦးတီထွင်သူ အရှင် ခမ်း က ဆိုသည်။

ဒစ်ဂျစ်တယ် စီးပွားရေးလုပ်ငန်းများ ထွန်းကားလာခြင်းသည် ဒေသ၏ တိုးတက်မှု အလားအလာနှင့် ဒစ်ဂျစ်တယ်ခေတ်ကို လက်ခံရန် အဆင်သင့်ဖြစ်နေခြင်းအတွက် သက်သေတစ်ခုဖြစ်သည်။

ဂျမူးနှင့် ကက်ရှ်မီးယားရှိ ခရီးသွားလုပ်ငန်းတွင် သမရိုးကျ ကန့်သတ်ထားသည့် နယ်နိမိတ်များကို ကျော်လွန်သော နယ်စပ် ခရီးသွားလုပ်ငန်းသည် အလွန်ရေပန်းစားလာခဲ့သည်။ ယခုအခါ နိုင်ငံအသီးသီးမှ ဧည့်သည်များအား ထိန်းချုပ်ရေးမျဉ်း (LOC) နှစ်ဖက်လုံး၌ အလွယ်တကူ ကူးလူးဆက်ဆံ၍ သွားလာနိုင်ခြင်းဖြင့် ရီးသွားများကို ဆွဲဆောင်လျက်ရှိသည်။

“နိုင်ငံအသီးသီးက လာရောက်လည်ပတ်သူတွေကြား ခင်မင်ရင်းနှီးမှုနဲ့ နွေးထွေးမှု ဖလှယ်နိုင်တာက တကယ့်ကို ထူးခြားပါတယ်” ဟု ဒေလီမှ ခရီးသွားတစ်ဦး ရာဟူး ဗာမား က ဆိုသည်။ “နယ်နိမိတ်ကို ကျော်ဖြတ်နိုင်ပြီး စည်းလုံးညီညွတ်မှုရဲ့ ခံစားချက်ကို သက်သေပြရရင် ကြည်နူးစရာပါပဲ” ဟု ၎င်း က ဆိုသည်။

နယ်စပ်ခရီးသွားလုပ်ငန်း ပေါ်ပေါက်လာခြင်းသည် ယဉ်ကျေးမှုဖလှယ်ရေးနှင့် နားလည်မှုတို့အတွက် တံခါးဖွင့်ပေးခဲ့ပြီး ပိုမိုပါဝင်နိုင်မှုနှင့် ကမ္ဘာကို ချိတ်ဆက် နိုင်မှု တို့ကို မြှင့်တင်ပေးသည်။

ဒေသတွင်း အပြုသဘောဆောင်သော သက်ရောက်မှုများအတွက် ကျေးဇူးတင်ရှိကြောင်း ကာရန် တွင် နေထိုင်သူ ဆူဟေးလ် အာမက်ဒ် က ပြောကြားသည်။ “ခရီးသွားလုပ်ငန်းက ကျွန်တော်တို့ရဲ့ အသက်မွေးဝမ်းကြောင်းကို တိုးတက်စေရုံသာမက ယဉ်ကျေးမှု ဖလှယ်မှုနဲ့ နားလည်မှုတွေကိုလည်း သယ်ဆောင်လာခဲ့ပါတယ်” ဟု ၎င်းက ဆိုသည်။ 

ခရီးသွားများ တိုးလာခြင်းကြောင့် စီးပွားရေး တိုးတက်လာကြောင်း ဆရီနာဂါး ရှိ ဆိုင်ပိုင်ရှင် ဖာဒက်စ် အာမက် က ဆိုသည်။  

ပုဒ်မ ၃၇၀ ကို ပယ်ဖျက်ပြီးနောက်ပိုင်း ဂျမူးနှင့် ကက်ရှ်မီးယား ဒေသရှိ ပြည်သူများ ၏ ခံနိုင်ရည် ရှိမှု၊  ဖွံ့ဖြိုးဆဲစီးပွားရေးလုပ်ငန်းများနှင့် တိုးတက်လာသော နယ်စပ်ခရီးသွားလာမှုတို့သည် ကိုယ်ပိုင် စည်းကမ်းချက်များနှင့်အညီ ထွန်းကားရန် အသင့်ဖြစ်နေသည့် ဒေသတစ်ခု ၏ ပုံရိပ် ပေါ်လွင်လာသည်။ 

အသွင်ကူးပြောင်းမှုသည် ပိုမိုတောက်ပသောအနာဂတ်အတွက် အခြေခံအုတ်မြစ်ဖြစ်ပြီး စည်းလုံးညီညွတ်မှု၊ သာယာဝပြောမှုနှင့် အားလုံးပါဝင်မှုကို မြှင့်တင်ပေးသည်။ 

ထို့ပြင် ဒုတိယအုပ်ချုပ်ရေးမှုး မန်နော့ဂျ် ဆင်ဟာ က ပြည်ထောင်စုသည် ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ခေတ်သစ်ကို ဆောင်ကျဉ်းလာကြောင်း သက်သေအဖြစ် မကြာသေးမီက ပြောကြားခဲ့သည်။

ဂျမူး - ကက်ရှ်မီးယား သည် ရုပ်ရှင်ရိုက်ကူးသူများအတွက် အနှစ်သက်ဆုံးနေရာဖြစ်လာပြီး ယမန်နှစ်က ရုပ်ရှင်နှင့် အင်တာနက် ဇာတ်လမ်းတွဲ ၃၀၀ ကျော်ကို ရိုက်ကူးခဲ့ခြင်းသည် ဒေသခံလူငယ်များကို ကြီးမားသော အခွင့်အလမ်းများ ဖော်ဆောင်ပေးနေကြောင်း ၎င်းက ဆက်ပြောသည်။ 

ယခုနှစ်အစောပိုင်းတွင် ဆင်ဟာ သည် အာရပ်စော်ဘွားများပြည်ထောင်စု မှ စီးပွားရေး ခေါင်းဆောင်များအား ဖွံ့ဖြိုးတိုးတက်မှုတွင် ပိုမိုသာယာဝပြောသော၊ တရားမျှတပြီး တက်ကြွသော ပြည်ထောင်စုနယ်မြေကို ဖန်တီးရန် မိတ်ဖက်များအဖြစ် အတူတကွ လက်တွဲလုပ်ဆောင်ရန် ဖိတ်ကြားခဲ့သည်။

သူက အိန္ဒိယ-ယူအေအီး ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးတွင် မိန့်ခွန်းပြောကြားပြီး အာရပ်စော်ဘွားများပြည်ထောင်စု အပါအဝင် နိုင်ငံတစ်ဝှမ်းရှိ စီးပွားရေးကိုယ်စားလှယ်များနှင့် SKICC တွင် အပြန်အလှန်ဆွေးနွေးခဲ့သည်။

ယခုနှစ် အစောပိုင်းတွင်  ဆရီနာဂါး ၌ ကမ္ဘာ့ စီးပွားရေး အကြီးဆုံး G20 အစည်းအဝေးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ခြင်းသည် ကက်ရှ်မီးယားကို နိုင်ငံခြားခရီးသွားများထံမှ စိတ်ဝင်စားမှုများနှင့် ကြိုတင် စာရင်းသွင်းမှုများ သိသိသာသာ တိုးလာခြင်းနှင့် ကမ္ဘာ့ခရီးသွားလုပ်ငန်း မြေပုံ ပေါ် သို့ ဆောင်ယူလာနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required