၂၀၂၀ ခုနှစ် ရွေးကောက်ပွဲအနိုင်ရ ထားဝယ်မြို့နယ် လွှတ်တော်အမတ်တဦး ကင်ဆာရောဂါဖြင့် ယနေ့ ဩဂုတ် ၃ ရက်တွင် ရန်ကုန်မြို့၌ဆေးကုသနေရင်း ကွန်လွန်ခဲ့ကြောင်း သိရသည်။
ကွယ်လွန်သူမှာ ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင်အနိုင်ရထားသည့် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော်၊ ထားဝယ်မြို့နယ် မဲဆန္ဒနယ်အမှတ်(၁)မှ အသက် ၇၀ နှစ်ကျော်ခန့်ရှိသူ ဦးအောင်ဝင်းဖြစ်ကြောင်း သိရ သည်။
“ ဦးအောင်ဝင်းက ပါးစောင်ကင်ဆာရောဂါ နောက်ဆုံးအဆင့်နဲ့ ကွယ်လွန်သွားတာပါ၊ ဒီမတိုင်မီ ဆေးကု သဖို့ စစ်ကောင်စီထံမှာ ခံဝန်လက်မှတ်ထိုးဖို့ပြောကြပေမယ့် လက်မခံဘဲ တိမ်းရှောင်နေရာမှ အခုလိုဖြစ် သွားတာဖြစ်တယ်”ဟု ၎င်းနှင့်နီးစပ်သူက ပြောသည်။
၎င်းသည် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲကလည်း ထားဝယ်မြို့နယ်မဲဆန္ဒနယ်မှ အမျိုးသားလွှတ်တော် ကိုယ် စားလှယ်အဖြစ် အနိုင်ရခဲ့သူဖြစ်ကြောင်းသိရသည်။
ဦးအောင်ဝင်းသည် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ရဟန်းဝတ်နေသူဖြစ်ပြီး တနင်္သာရီတိုင်းဒေသကြီး အတွင်း ၎င်းကဲ့သို့ တိမ်းရှောင်နေရာမှ ကွန်လွန်သူ သုံဦးအထိရှိပြီဖြစ်သည်။
၂၀၂၁ ခုနှစ် သြဂုတ်လတွင် ကျွန်းစုမြို့နယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်တင်တင်ရီသည် ရန်ကုန်မြို့တွင် နှလုံးရောဂါဖြင့် ဆေးကုသမှု ခံယူနေရာမှ ကွယ်လွန်ခဲ့သည်။
အလားတူ NLD အစိုးရလက်ထက်က တနင်္သာရီတိုင်းဒေသကြီးအစိုးရ စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီး ဦးမြင့်စန်းသည်လည်း ယခုနှစ် မေလ ၁၇ ရက်တွင် ထိုင်းနိုင်ငံတောင်ပိုင်း၌ သရက်ရွက်ကင်ဆာဖြင့် ကွယ်လွန်ခဲ့ သည်။
စာတည်း ။ ။ Alden
စာမူတည်းဖြတ်။ ။စောဖေ