မင်းတပ်မြို့အဝင် ၄ မိုင်ကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို CDF – Mindat တိုက်ခိုက်

By ပါခွီး(မဇ္စျိမ)
30 July 2023
မင်းတပ်မြို့အဝင် ၄ မိုင်ကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ကို CDF – Mindat တိုက်ခိုက်
ပုံအညွှန်း- CDF - Mindat ရဲဘော်များ

ချင်းပြည်နယ် ၊ မင်းတပ်မြို့အဝင် လေးမိုင်ကုန်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့အား  ယနေ့ ဇူလိုင်လ ၃၀ရက် နံနက် ၇နာရီ ၂၅မိနစ်အချိန်တွင် သွားရောက်တိုက်ခိုက်ခဲ့ကြောင်း ချင်းကာကွယ်ရေးတပ် (မင်းတပ်) CDF – Mindat က ထုတ်ပြန်သည်။

“တိုက်ပွဲက ၁၅မိနစ်ပဲကြာပါတယ် ။ သူတို့က အသင့်အနေအထားနဲ့ ကုန်းမှာနေတာဆိုတော့ ကျနော်တို့ရဲဘော်နှစ်ယောက် ဒဏ်ရာရပါတယ် ။ သူတို့ဘက်က တစ်ယောက်သေတယ်” ဟု CDF – Mindat သတင်းပြန်ကြားရေးနှင့် မှတ်တမ်းဌာနမှူး ကိုဇလပ်သွေးက မဇ္စျိမကိုပြောသည်။

အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည်  အနီးအနားရှိ ကျေးရွာများဘက်သို့ လက်နက်ကြီးများဖြင့် မကြာခဏ ပစ်ခတ်‌လေ့ရှိကြောင်းလည်း သိရသည်။

ဇူလိုင်လ ၂၆ရက်နေ့ကလည်း ကန်ပလက်မြို့မှ ပြန်ဆင်းလာသည့် စစ်ကောင်စီတပ်ဖွဲ့ကို CDF – Mindat နှင့် မဟာမိတ်ပူးပေါင်းအဖွဲ့တို့က  တိုက်ခိုက်ခဲ့သေးသည်ဟု  သိရသည်။

စာတည်း။     ။  ဖူးသိမ်ကျ
စာမူတည်းဖြတ်။ ။အောင်ကျော်ဖြိုး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required