ဂျကာတာလေဆိပ်တွင် လေယာဉ်နှစ်စင်း တိုက်မိ၍ မီးလောင်မှုဖြစ်

ဂျကာတာလေဆိပ်တွင် လေယာဉ်နှစ်စင်း တိုက်မိ၍ မီးလောင်မှုဖြစ်

ဂျကာတာ၊ ဧပြီ ၅ ။               ။ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော် လေဆိပ်တွင် လေယာဉ်နှစ်စင်း တိုက်မိပြီး လေယာဉ်တောင်ပံ မီးလောင်မှုဖြစ်ပွားသည်။

Batik Air ခရီးသည်တင်လေယာဉ်က ပျံတက်စဉ် TransNusa လေယာဉ်၏ အမြီးပိုင်းနှင့် ၎င်း၏ တောင်ပံတို့ ငြိပြီး တောင်ပံမီးလောင်မှုဖြစ်ပွားခြင်းဖြစ်သည်။

အဆိုပါ မတော်တဆမှုက ဧပြီ ၄ ရက်က ညက ဖြစ်ပွားခြင်းဖြစ်ပြီး ဒဏ်ရာရသူတစ်ဦးမျှ မရှိကြောင်း၊ ခရီးသည်များအား ဘေးကင်းရာပို့ဆောင်နိုင်ခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။

အင်ဒိုနီးရှားနိုင်ငံသည် လေကြောင်းခရီးသွားလာမှု များပြားလာပြီး လေကြောင်းလုံခြုံရေး အနည်းငယ် အားနည်းလျက်ရှိနေသည်။

ယခုဖြစ်ရပ်မှာ ဂျကာတာမြို့ Halim Perdanakusuma လေဆိပ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ယင်းဖြစ်ရပ်ကြောင့် လေဆိပ်ကို ယာယီပိတ်ခဲ့ရသည်။

Batik Air ခရီးသည်တင်လေယာဉ်မှာ မတော်တဆမှုဖြစ်ပွားချိန်က ခရီးသည်နှင့် အမှုထမ်း ၄၉ ဦးလိုက်ပါစီးနင်းကြောင်း အေအက်ဖ်ပီသတင်းက ဖော်ပြသည်။

၂၀၁၄ ခုနှစ်အတွင်း Air Asia မှ အင်ဒိုနီးရှားလက်ခွဲလေကြောင်းလိုင်းလေယာဉ်တစ်စီး စင်ကာပူသို့ ပျံသန်းစဉ် ပင်လယ်တွင်း ပျက်ကျ၍ လိုက်ပါသူ ၁၆၂ ဦးစလုံး သေဆုံးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly