တရုတ်နိုင်ငံမှာ ကွန်မြူနစ်ပါတီနဲ့ သဘောထားမကိုက်ညီတဲ့ အနုပညာရှင်တွေ တခါတရံ တိုင်းပြည်ပြင်ပကို ထွက်ပြီး သူတို့ အနုပညာ ဖန်တီးတဲ့ အလုပ်တွေကို ဆက်လုပ်ဖို့ နည်းလမ်းရှာ ကြိုးစားကြရပါတယ်။ အထူးသဖြင့် သူတို့ ဖန်တီးတဲ့ အနုပညာတွေဟာ အစိုးရကို ဝေဖန်တာမျိုးတွေ ဖြစ်ခဲ့ရင် တိုင်းပြည်ပြင်ပကို ထွက်နိုင်အောင် လမ်းရှာကြရာတပါ။ ပန်းပုဆရာ Weiming Chen လည်း ဒီလို အနုပညာရှင်တွေထဲက တယောက်ပါ။ ကယ်လီဖိုးနီးယားပြည်နယ် သဲကန္တရထဲက သူ ဖန်တီးတဲ့ အနုပညာ ပန်းပုရုပ်တွေအကြောင်း Genia Dulotwent ရဲ့ သတင်းဆောင်းပါးကို ကိုဇော်မိုးကျော် တင်ဆက်ထားပါတယ်။