လောင်းလုံးမှာ“သူရဲကောင်းတို့ မျှော်ရည်ချက်၊ လူထုအားနဲ့ ဆက်ချီတက်” ချီတက်ဆန္ဒပြ

By ကိုရွှေမြိတ် (မဇ္ဈိမ)
26 July 2023
လောင်းလုံးမှာ“သူရဲကောင်းတို့ မျှော်ရည်ချက်၊ လူထုအားနဲ့ ဆက်ချီတက်” ချီတက်ဆန္ဒပြ

 တနင်္သာရီတိုင်း၊  ထားဝယ်ခရိုင် ၊ လောင်းလုံးမြို့နယ်တွင် ဂျူလိုင်လ ၂၆ ရက်နေ့ နေ့လယ်ပိုင်းက  ထားဝယ်ခရိုင် ဒီမိုကရေစီအရေး လှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)  ဦးဆောင်သည့် လူထုသပိတ်လှုပ်ရှားမှု ပြုလုပ်ကြောင်း ဦးဆောင်သူများထံက သိရသည်။

အဆိုပါ လှုပ်ရှားမှုကို ‘သူရဲကောင်းတို့ မျှော်ရည်ချက်၊ လူထုအားနဲ့ ဆက်ချီတက်’ စာသားပါ ဘန်နာကိုင်ဆွဲ ချီတက်ခဲ့ကြပြီး လောင်းလုံးမြို့နယ်အတွင်းက အ‌ခြေခံပညာကျောင်းသား ကျောင်းသူများ၊ အမျိုးသမီးများ၊ လူငယ်များနှင့်ဒေသခံပြည်သူ အလုပ်သမား လယ်သမားများ အများအပြား ပူးပေါင်းပါဝင်ခဲ့ကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး
#Mizzima
#DDMSC
#လောင်းလုံမြို့နယ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly