စစ်အာဏာရှင် ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် ချီတက်

By ပါခွီး (မဇ္စျိမ)
25 July 2023
စစ်အာဏာရှင် ဆန့်ကျင်ရေး ရွာပေါင်းစုံသပိတ် ချီတက်

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်နှင့် ဆားလင်းကြီးကျေးရွာများ စုပေါင်းပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲကို ဇူလိုင်လ၂၅ရက် ယနေ့တွင် ဆက်လက်ချီ တက်ခဲ့ကြသည်။

လူထုသပိတ်စစ်ကြောင်းသည် စစ်အာဏာရှင်ဆန့်ကျင်သည့် ကြွေးကြော်သံများ ဟစ်ကြွေးချီတက်ခဲ့ကြပြီး သွေးမော်ကွန်းသီချင်း သံပြိုင်သီဆိုကြကာ ကျဆုံးခဲ့သော အာဇာနည်သူရဲကောင်းများကို အလေးပြုခဲ့ကြကြောင်း သိရသည်။

ယနေ့ချီတက်ပွဲသည် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း၏ စစ်အာဏာရှင်ဆန့် ကျင်ရေး  (၈၅၄) ရက်မြောက်အဖြစ် ချီတက်ခဲ့ကြခြင်း ဖြစ်သည်။

ယင်းမာပင်နှင့် ဆာလင်းကြီးကျေးရွာပေါင်းစုံစစ်ကြောင်းသည် ၂၀၂၁ ခုနှစ် မတ်လ ၉ ရက်မှ စတင်ကာ စစ်အာဏာရှင် ကိုဆန့်ကျင်ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly