နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၄ ဇူလိုင် ၂၀၂၃) 

နွေဦးတော်လှန်ရေးနေ့စဉ် မှတ်စု (၂၄ ဇူလိုင် ၂၀၂၃) 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ၊ နံဇကျေးရွာ အနီးမှာ ဖြစ်သည့် တိုက်ပွဲအတွင်း အကြမ်းဖက်စစ်တပ်က ၄၁ ဦးသေပြီး ၄၀ ဦးဒဏ်ရာရကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ် က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။ 

  • ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ကန်ပက်လက်မြို့ရဲ့ ဒေသအခေါ် ရန်အောင်စေတီကုန်း အနီးက အကြမ်းဖက် စစ်တပ်၏ ကင်းစခန်းကို PDF ပူးပေါင်းတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်က ၂ ဦးသေ ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ စစ်ရုံးချုပ် က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။ 

  • အမျိုးသားညီညွှတ်ရေးအစိုးရ၊ ပြည်ထဲရေး နှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ၊ မီးသတ်ဦးစီးဌာနက စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ်အတွင်း ဒီပဲယင်းမြို့နယ်မီးဘေးလုံခြုံရေးအဖွဲ့ ဖွဲ့စည်းလိုက် ကြောင်း  ဇူလိုင် ၂၃ ရက်စွဲဖြင့် သတင်းထုတ်ပြန်သည်။ 

  • ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနဲ့ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်း၊ ပဲခူးတိုင်းတို့မှာရှိတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့များတွေ့ဆုံဆွေးနွေးပွဲကို ဇူလိုင် ၂၃ ရက်၊ မနက် ၁၀ နာရီမှာ ပြုလုပ်ခဲ့ကြသည်။ 

  • နေပြည်တော်ကို သိမ်းပိုက်ရန် ရည်ရွယ်ချက်နှင့် ပြည်တွင်း ပြည်ပမှ ပြည်သူများ ပါဝင်နိုင်မည့် သီတင်းပတ် ၃ ပတ်ကြာ ပြုလုပ်မည့် “နေပြည်တော်ကို ဝိုင်းပတ်လို့ မမများနဲ့ ပွဲကစို့” ကမ်ပိန်း စတင်ပြီ ဖြစ်ပြီး ပြည်သူများ ပါဝင် လှူဒါန်းနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်တွင် ဇူလိုင် ၂၃ ရက်နေ့ ညနေပိုင်းက “သူရဲကောင်းတို့ သွေး ဘယ်တော့မှမခန်းခြောက်ဘူးဟေ့” ခေါင်းစဉ်ဖြင့် ကျဆုံးသူရဲကောင်းလေးဦး အတွက် လှုပ်ရှားမှုပြု လုပ်ခဲ့ကြောင်း သိရသည်။ 

  • တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ ကျေးရွာတရွာတွင် ဇူလိုင်လ ၂၃ ရက်နေ့ ညပိုင်းက ထားဝယ်ခရိုင် ဒီမိုကရေစီ အရေးလှုပ်ရှားမှုသပိတ်ကော်မတီ(DDMSC)မှ ဦးဆောင်ပြီး ကျေးလက်အခြေပြု အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြောင်း ဦးဆောင်သူများထံမှ သိရသည်။ 

  • တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်ရှိ ကျောက်နီမော်ရွာမှ ပျူစောထီးများ ဆက်ကြေးကောက်နေသည့် ကင်းစခန်းကို PDF တပ်ဖွဲ့က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ၅ ဦးသေဆုံးခဲ့ကြောင်း လောင်းလုံးမြို့နယ် LLPDF တပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်ရှိ ရငဲရွာသား ၄ ဦးကို စစ်တပ်က ဖမ်းဆီးနှိပ်စက်ခဲ့ကြောင်း Dawei Information Center မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။ 

  • စစ်တပ်က လူအများအပြားကို သေဒဏ်အမိန့်တွေ ဆက်ပြီးချမှတ်နေခြင်းသည် ဥပဒေကို လျစ်လျူရှုနေ သည့် သက်သေများဖြစ်ကြောင်း အာဆီယံနိုင်ငံတွေက လွှတ်တော်အမတ်များ ပါဝင်ဖွဲ့စည်းထားသည့် APHR အဖွဲ့က ဇူလိုင် ၂၁ ရက်နေ့က ပြောကြားလိုက်သည်။ 

  • ပဲခူးတိုင်း၊ ဒိုက်ဦးမြိုနယ်၊ ပျဉ်ပုံကြီးရွာအနီးရှိ အကြမ်းဖက် စစ်တပ်၏ ခလရ ၃၀ တပ်ရင်းကို ၁၀၇ မမ ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Bago Region PDF ထံမှ သိရသည်။ 

  • ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်းရှိ အကြမ်းဖက်စစ်သားများ တပ်စွဲထားရာ နေရာများကို ဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၈ ဦးသေဆုံးခဲ့ကြောင်း Saw Dragon Drone Force တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

  • စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့ပေါ်၌ ကင်းလှည့်နေသော ကား ၃ စီးကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား၊ ပျူစောထီး ၂ ဦးသေဆုံးပြီး ကား ၁ စီး သိမ်းဆည်းရရှိခဲ့ကြောင်း တန့်ဆည်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့-ပကဖမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

  • ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇူလိုင်လ ၂၄ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • အကြမ်းဖက်စစ်တပ်က နွေဦးတော်လှန်ရေး အာဇာနည် ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နှင့် ကိုအောင်သူရဇော်တို့ကို စစ်တပ်က ကြိုးပေးကွပ်မျက်မှု ၁ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ရန်ကုန်ရှိ အမေရိကန်သံရုံးက ပူဆွေးကြောင်း ထုတ်ပြန်လိုက်သည်။ 

တိုင်းရင်းလက်နက်ကိုင်များ 

  • ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ လက်ခတ်တောင် တာဝါတိုင်စခန်းကုန်း တိုက်ပွဲတွင် အမိန့်မရ ဘဲဆုတ်ခွာခဲ့ သည့် စစ်ကောင်စီတပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူးတို့ ထောင်ဒဏ်ချမှတ်ခံလိုက်ရကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU)က ယနေ့ ဇူလိုင်လ ၂၄ ရက်တွင် ထုတ်ပြန်သည်။ 

  • ချင်းပြည်နယ်၊ ကန်ပက်လက်မြို့သို့ တပ်ပြောင်းအလဲပြုလုပ်ပြီး ပြန်လည်ထွက်ခွာလာသည့် စစ်ကြောင်း ကိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားငါးဦးသေဆုံးခဲ့ကြောင်း ချင်းကာကွယ်ရေးတပ်ဖွဲ့ (ကန်ပက်လက်) CDF – Kanpetlet က ထုတ်ပြန်သည်။ 

  • ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်ရှိ စယ်လန့်ကျေးရွာအနီး အကြမ်းဖက် စစ်တပ်နှင့် TNLA တို့ တိုက်ပွဲဖြစ်ပွားပြီး စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း TNLA တပ်ဖွဲ့က ထုတ်ထားသည်။ 

စစ်ကောင်စီ 

  • စစ်ကောင်စီက ငွေကျပ် ၂၀၀၀၀ တန်ငွေစက္ကူအသစ်ကို ဇူလိုင်လ ၃၁ ရက်နေ့မှာ ထုတ်ဝေမည်ဟု ကြေညာ လိုက်ရာ ယင်းသတင်းကြောင့် ပြင်ပငွေကြေးဈေးကွက်အတွင်း ဒေါ်လာဝယ်လိုသူများလာပြီး တစ်ဒေါ်လာကို ကျပ် ၃၅၀၀ ကျော်အထိ ခေါ်ဈေးရှိလာသော်လည်း ရောင်းသူမရှိကြောင်း ငွေလဲကောင်တာ ပိုင်ရှင်အချို့ ကပြောသည်။ 

  • ကရင်- ကရင်နီ- ရှမ်း နယ်စပ်၊ ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် မြောက်ပိုင်း၊ လိပ်သိုလ်မြို့နယ်ခွဲ၊ ယာဒိုဒေသသို့ ယမန်နေ့ ဇူလိုင်လ ၂၂ ရက်နေ့တွင် စစ်ကောင်စီက တိုက်လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံက သိရသည်။ 

  • ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်ရှိ ယာဒိုရွာကို အကြမ်းဖက် စစ်တပ်က တိုက်လေယာဥ်ဖြင့် ဗုံးကျဲခြင်းကြောင့် ကက်သလစ် သီလရှင်ကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း သိရသည်။ 

  • နိုင်ငံတွင်းဖုန်းသုံးစွဲသူများ၏ ဆင်းကဒ် မှတ်ပုံတင်ထားသည့် အချက်အလက်များကို လူဝင်မှုကြီးကြပ်ရေး ကနေ တိုက်ဆိုင်စစ်ဆေးနေပြီဖြစ်၍ ရက်ပေါင်း (၉၀) အတွင်း နိုင်ငံသားစိစစ်ရေးကတ် အမှန်ဖြင့်လာရောက် မှတ်ပုံတင်ခြင်း မရှိသော ဆင်းကတ်များအား အပြီး ပိတ်သိမ်းသွားမည်ဖြစ်ကြောင်း အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက ထပ်မံထုတ်ပြန်ထားသိသည်။ 

  • ရန်ကုန် ရွှေဈေးကွက်အတွင်း ရွှေဈေးနှုန်း တည်ငြိမ်မှုမရှိအောင် ရောင်းဝယ် ဆောင်ရွက်ခြင်းများ မပြုလုပ် ကြရန် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း(YGEA)က ယနေ့ ပန်ကြားလွှာ ထုတ်ပြန်သည်။ 

  • ဆင်ဖြူတော်ရုပ်ပုံပါ နှစ်သောင်းကျပ်တန် ငွေစက္ကူအမျိုးအစားအသစ် ထုတ်ဝေခြင်းနှင့်စပ်လျဉ်း၍အများ စစ်ကောင်စီဗဟိုဘဏ်က အမေး အဖြေပုံစံပြုလုပ်၍  ၎င်းတို့လက်အောက်ခံ မီဒီယာများတွင် ဝါဒဖြန့်ချိနေသည်။ 

ဇူလိုင် ၂၄ ရက် သုံးသပ်ချက် 

  • စစ်ကောင်စီမှ ငွေစက္ကူအသစ်ထုတ်လုပ်မှု သတင်းကြောင့် မြန်မာငွေတန်ဖိုးကျဆင်းနေသလို ဘဏ်များမှလည်း ပြည်သူတချို့က ငွေထုတ်ယူကာ အိမ်ခြံမြေ ကားရောင်းဝယ်ရေး လုပ်ငန်း များတွင် မြှုပ်နှံမှုများ ပြုလုပ်နေသည်။ 

  • စစ်ကိုင်း၊ပဲခူး၊ကရင်၊ကရင်နီ၊ချင်းပြည်နယ်တို့တွင် စစ်အာဏာရှင်တော်လှန်ရေး ပိုမိုပြင်းထန်နေသည်ကို တွေ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly