မြန်မာ့အရေးမှာ အာဆီယံကို မျှော်လင့်လို့ရသေးရဲ့လား (ဆောင်းပါး)

မြန်မာ့အရေးမှာ အာဆီယံကို မျှော်လင့်လို့ရသေးရဲ့လား (ဆောင်းပါး)

မြန်မာ့အရေးကိုကြားဝင်ဖြေရှင်းပေးဖို့ အာဆီယံတာဝန်ယူထားခဲ့တာ ၂နှစ်ခွဲကျော်ကာလကိုရောက်လာခဲ့ပြီဖြစ်ပါ တယ်။ ဒေသတွင်းအဖွဲ့ဝင်နိုင်ငံတွေအားလုံး သဘောတူညီမှုနဲ့ မြန်မာ့အရေးအတွက်ချမှတ်ထားခဲ့တဲ့ အာဆီယံမူ ၅ ချက်ကလည်း အခုအချိန်ထိ ဘာတစ်ခုမှအလုပ်မဖြစ်သေးပါဘူး။ မူ ၅ ချက်ထဲက အလွယ်ကူဆုံးတစ်ခုလို့ဆိုရမယ့် လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့ရေး အစီအစဉ်ကိုတောင် အာဆီယံအနေနဲ့ အာဏာသိမ်း စစ်ကောင်စီ ကိုကျော်လွန်ပြီး လုပ်ဆောင်နိုင်တာ မရှိဘူးဖြစ်နေပါတယ်။ ဒီလိုအချိန်မှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံ အတွင်း သဘောထားကွဲလွဲမှုတွေကလည်း ပိုမိုပြင်းထန်လာနေတာပါ။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly