ညောင်လေးကပင်မြို့နယ်တွင်း တိုက်ပွဲ စစ်ကောင်စီတပ် အကျအဆုံးများနှင့် ဆုတ်ခွာ 

ညောင်လေးကပင်မြို့နယ်တွင်း တိုက်ပွဲ စစ်ကောင်စီတပ် အကျအဆုံးများနှင့် ဆုတ်ခွာ 

ညောင်လေးပင်မြို့နယ်အတွင်း PDF တပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဆက်လက်ဖြစ်ပွားနေရာ ယမန်နေ့ (ဇူလိုင် ၂၀ ရက်နေ့)က တိုက်ပွဲတွင် စစ်ကောင်စီတပ်ဘက်က ပြန်လည်ဆုတ်ခွာသွားရပြီး ခြောက်ဦးသေဆုံးသည်ဟု စစ်ဘက်သတင်းရင်းမြစ်များကိုကိုးကား၍ ဒေသခံများက ပြောသည်။

ရိုးမဗျူဟာ စစ်ကြောင်း (၁) နှင့် စစ်ကောင်စီတပ်တို့ ညောင်လေးပင်မြို့နယ်အတွင် ပန်းတင်ကုန်းကျေးရွာနှင့် ကောက်မယ်သူကျေးရွာအကြား ကြာသပတေးနေ့ နံနက် ၅ နာရီမှ ညနေ ၃ နာရီအထိ တိုက်ပွဲဖြစ်ပွားသည်။

စစ်ကောင်စီတပ်ဘက်က ခြောက်ဦးသေဆုံးပြီး​ လေးဦးဒဏ်ရာရခဲ့ရာတွင် တစ်ဦးမှာ မြွေကိုက်၍ ဒဏ်ရာရခြင်းဖြစ်သည်ဟု ဆိုသည်။ မဇ္ဈိမအနေဖြင့် သေဆုံးဒဏ်ရာရသူအရေအတွက်နှင့်ပတ်သက်၍ သီးခြားအတည်ပြုချက်ရယူနိုင်ခြင်းမရှိပါ။
"ဒဏ်ရာရ တစ်ယောက်က ကင်းပုန်းဝပ်ရင်း မြေပွေးကိုက်ခံရတာဖြစ်တယ်" ဟု ရွာသားတစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်များက တော်ဝိကျေးရွာဘုန်းကြီးကျောင်းမှနေ၍ လကနက်ကြီးပစ်ကူယူသလို ဒရုန်းများနှင့်လည်း ဗုံးကြဲကာ ရှေ့သို့ချီတက်လာရာက တိုက်ပွဲစတင်ခဲ့ခြင်းဖြစ်သည်ဟု အမည်မဖော်လိုသော တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။ 

"လက်နက်ကြီးနဲ့ တနေကုန်ပစ်ပြီးတက်လာတာ။ လက်နက်ကြီးစုစုပေါင်း ၆၀ ကျော်ပစ်တယ်။" ဟု သူက ပြောသည်။ သို့သော် အသေးစိတ်ကိုပြောကြားရန် ငြင်းဆန်သည်။

ညောင်လေးပင်မြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင်စီတပ်များအကြား  ဇူလိုင်လ ၁၄ ရက်နေ့ကတည်းကတိုက်ပွဲများ နေ့စဉ်ရက်ဆက်နီးပါးဖြစ်ပွားနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly