ခင်ဦးမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်လို့ ၂ ရက်အတွင်း ကလေးငယ် အပါအဝင် ၄ ဦးသေဆုံး (ရုပ်သံ၊သတင်း)

By MTO (မဇ္ဈိမ)
21 July 2023
ခင်ဦးမှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်လို့ ၂ ရက်အတွင်း ကလေးငယ် အပါအဝင် ၄ ဦးသေဆုံး (ရုပ်သံ၊သတင်း)

စစ်ကိုင်းတိုင်း ၊ ခင်ဦးမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အသက် ခြောက်နှစ် အရွယ် ကလေးငယ်တစ်ဦး အပါအဝင် ဒေသခံ လေးဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတွေလည်း ရှိတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။

ရေဦးမြို့တောင်ခြမ်းမှာရှိတဲ့ တိုင်းရင်းဆေးရုံဝန်းအတွင်းမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ် ဖွဲ့ က ဇူလိုင်လ ၁၉ ရက်  နဲ့ ၂၀ ရက်တွေမှာ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လို့ အခုလိုမျိုး အရပ်သားပြည်သူတွေ သေဆုံးသွားရတာဖြစ်တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ကိုနေသူရက မဇ္ဈိမကို ပြောပါတယ်။

သတင်း - MTO
တင်ဆက်၊တည်းဖြတ် MTO

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly