"စစ်ကောင်စီတပ် အထိုင်ချ တပ်စွဲလိုက်တဲ့ ရွာတွေဟာ ပျူရွာတွေ ဖြစ်လာတယ်"

By MTO (မဇ္စျိမ)
20 July 2023
"စစ်ကောင်စီတပ် အထိုင်ချ တပ်စွဲလိုက်တဲ့ ရွာတွေဟာ ပျူရွာတွေ ဖြစ်လာတယ်"

စစ်တပ်က အာဏာသိမ်းလိုက်ပြီးနောက် ၂၀၂၁ ခုနှစ် မတ်လ ၅ ရက်နေ့မှာ မန္တလေးတိုင်းဒေသကြီး ပျူစောထီးအဖွဲ့ အထက်ဗမာပြည် နဲ့ ရန်ကုန်တိုင်းဒေသကြီး ပျူစောထီးအဖွဲ့ အောက်မြန်မာပြည်တွေကို ဖွဲ့စည်းကြောင်း ကြေညာခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ စစ်ကောင်စီတပ်ဖွဲ့ဟာ သူတို့ကို တော်လှန်နေတဲ့ အညာဒေသတွေမှာ ကျေးရွာတွေ ကို စစ်ကြောင်းထိုးဝင်ရောက် အထိုင်ချတပ်စွဲပြီးနောက် ပျူစောထီးအဖွဲ့ဝင်တွေ ဖြစ်အောင် စည်းရုံးမှုတွေ ပြုလုပ်ကြပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ ဟာ ပျူစောထီးအဖွဲ့ ဝင်ဖြစ်လာတဲ့သူတွေကို လက်နက်တပ်ဆင်ပေးတာ စိတ်ကြိုက် လုပ်ပိုင်ခွင့်ပေးတာတွေအပေါ် သာယာပြီး ပျူစောထီးအဖွဲ့ ဝင်တွေ ဖြစ်လာကြတာလို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနဲ့ လုံခြုံရေးအဖွဲ့ (CDSOM) ရဲ့ ခေါင်းဆောင်ကိုနွေဦးက မဇ္ဈိမကို ပြောပါတယ်။ 

တင်ဆက်၊တည်းဖြတ် -- MTO

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly