ကရင်နီဒေသ တိုက်ပွဲတွေကြောင့် စစ်ရှောင်များ ပိုများလာပြီး အကူညီပေးရေးမှာလည်း ပိုခက်ခဲလာနေ

ကရင်နီဒေသ တိုက်ပွဲတွေကြောင့် စစ်ရှောင်များ ပိုများလာပြီး အကူညီပေးရေးမှာလည်း ပိုခက်ခဲလာနေ

လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်မှာ ဒီလအတွင်း တိုက်ပွဲတွေ ကြိုကြားဆက်ဖြစ်နေသလို၊ စစ်ကောင်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေကြောင့် စစ်ပြေးဒုက္ခသည်ဦးရေ တနေ့တခြား ပိုများလာနေပါတယ်။

အရပ်သား ထိခိုက်သေဆုံးမှုနဲ့ စစ်ပြေး ဒုက္ခသည်ဦးရေဟာ ပြီးခဲ့တဲ့သီတင်း ၂ ပတ်အတွင်း သိသိသာသာ တိုးလာခဲ့တယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

ကရင်နီ (ကယား) ပြည်ရှိ စစ်ရှောင်များဟာ ထွက်ပြေးတိမ်းရှောင်ချိန် ကြာလာတာနဲ့အမျှ အကူညီပေးရေး ပိုမို ခက်ခဲလာနေကြောင်း စစ်ရှောင်းများကို ကူညီနေသူတွေကပြောပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီ ပြည်မှာ တိုက်ပွဲကြောင့် နေရပ်စွန့်ပြီး ထွက်ပြေးတိမ်းရှောင်နေရသူ ဦးရေ သိန်းနဲ့ချီ ရှိနေပြီး စားနပ်ရိက္ခာ ကူညီထောက်ပံ့ရေးအတွက် လက်ရှိမှာ အလှူရှင် ကြပ်တည်းလာခြင်း၊ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာခြင်းကြောင့် အကူညီပေးရေးအတွက် ခက်ခဲလာနေတယ်လို့ သိရပါတယ်။

နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ခြမ်း ခိုလုံသူတွေ အပါအဝင် လက်ရှိဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်တွေ ကနေ ထွက်ပြေးရတဲ့ စစ်ပြေးဒုက္ခသည် ၉,၀၀၀ လောက် ရှိနေပြီး ရာသီတုပ်ကွေးနဲ့ နားမကျန်းဖြစ်သူတွေလည်း များပြားနေပါတယ်။ 

အထူးသဖြင့် ဖားဆောင်း နဲ့ မယ်စဲ့မြို့နယ်တွေမှာ ဒီလထဲ စစ်ရှောင်စခန်းတချို့နဲ့ ကျေးရွာတချို့ လေကြောင်းကနေ တိုက်ခိုက်ခံရလို့ ကလေးငယ်တွေ အပါအဝင် ထိခိုက်သေဆုံးသူတွေ အများအပြား ရှိခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly