BIMSTEC အစည်းအဝေးကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး တတ်ရောက်ကာ အဖွဲ့ဝင်နိုင်ငံ တချို့နဲ့ သီးသန့်တွေ့ဆုံခဲ့

BIMSTEC အစည်းအဝေးကို စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး တတ်ရောက်ကာ အဖွဲ့ဝင်နိုင်ငံ တချို့နဲ့ သီးသန့်တွေ့ဆုံခဲ့

BIMSTEC  အစည်းအဝေးကို စစ်ကောင်စီတာဝန်ရှိသူတွေကို တက်ရောက်ခွင့်မပေးဖို့ တော်လှန်ရေးအင်အားစုတွေကနေ ပြီးခဲ့တဲ့နှစ်ကတည်းက စာထုတ်ကန့်ကွက်ခဲ့ကြပေမဲ့ မြန်မာကိုသီးသန့်ခွဲထားတာထက် တွေ့ဆုံညှိနှိုင်းရေးလုပ်ဖို့ အဖွဲ့ဝင်နိုင်ငံတွေက သဘောထားရှိခဲ့ကြကာ စစ်ကောင်စီဝန်ကြီးကို ဖိတ်ကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းခဲ့တဲ့ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ နဲ့ ဘင်္ဂလားပင်လယ်အော်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (BIMSTEC) ရဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို မြန်မာ၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ သီရိလင်္ကာနဲ့ ဘူတန် နိုင်ငံတွေက တက်ရောက်ခဲ့ကြပြီး အဲဒီအစည်းအဝေးတွေကို တက်ရောက်လာတဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ အဖွဲ့ဝင်နိုင်ငံတချို့ကဝန်ကြီးတွေဟာ သီးခြားတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly