ဒေါ်အောင်ဆန်းစုကြည်မပါဘဲ မြန်မာ့အရေး ဖြေရှင်းလို့မရကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ပြော

By Spring
18 July 2023
ဒေါ်အောင်ဆန်းစုကြည်မပါဘဲ မြန်မာ့အရေး ဖြေရှင်းလို့မရကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ပြော

မြန်မာ့အရေး အဖြေရှာရာမှာ ဒေါ်အောင်ဆန်းစုကြည်က အရေးပါနေဆဲဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်မ ပါဘဲ မြန်မာ့အရေး ဖြေရှင်းလို့မရကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံရေးအခက်ခဲ ကို အဖြေရှာနိုင်ရန်အတွက် အဓိကဗဟိုချက်ဖြစ်နေဆဲဖြစ်ကြောင်း စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှနန်က ပြောပါတယ်။

ထိုင်း နိုင်ငံခြားရေးဝန်ကြီး ဒွန်ပရာမြူဒီနိုင်းရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံမှုကြောင့် မြန်မာ့အရေး နဲ့ပတ်သက်တဲ့ အာဆီယံအဖွဲ့ရဲ့ ရပ်တည်ချက် သို့မဟုတ် ကိုင်တွယ်ဖြေရှင်းမှုနည်းလမ်း ပြောင်းလဲသွားပြီလားဆို တဲ့ စင်ကာပူသတင်းဌာန Mothership ရဲ့မေးမြန်းမှုကို ဗီဗီယန်က ပြန်လည်ဖြေကြားခဲ့တာဖြစ်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံကို ထိန်းချုပ်ထားတဲ့ စစ်ကောင်စီအကြောင်း စဉ်းစားရာမှာ ဘုံသဘောတူညီချက် ၅ ရပ်က အဓိက အချက်တစ်ချက်ဖြစ်နေဆဲလို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ဇူလိုင်လ ၁၄ ရက်ပြုလုပ်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဗီဗီယန်က ပြောပါတယ်။

ထိုင်း နိုင်ငံခြားရေးဝန်ကြီးဟာ မကြာသေးမီက မြန်မာဖြုတ်ချခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့လင့်ကစား မြန်မာ့အရေး ဖြေရှင်းရာမှာ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်က အဓိက ဖြစ်နေဆဲပဲလို့ စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး ဗီဗီယန်ဘာလာခရစ်ရှနန်က ပြောကြားလိုက်ပါတယ်။

ဒွန်ပရာမြူဒီနိုင်းဟာ အာဆီယံအဖွဲ့ကို ကိုယ်စားမပြုဘဲ သူ့သဘောနဲ့သူ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ ဆုံခဲ့တာလို့ ဗီဗီယန်က ဆိုပါတယ်။

ဒွန်ပရာမြူဒီနိုင်းက ဒေါ်အောင်ဆန်းစုကြည်ဟာ ကျန်းမာရေးကောင်းမွန်ပုံပေါ်တယ်လို့ ပြောဆိုပေမယ့် သူဟာ ပရော်ဖက်ရှင်နယ်ဆရာဝန်တစ်ဉီး မဟုတ်တာကြောင့် ထိုပြောဆိုချက်ကို ယုံကြည်လို့မရကြောင်း၊ ခရီးစဉ် တစ်ခုတည်းနဲ့ မလုံလောက်ကြောင်း ဗီဗီယန်က ထောက်ပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်တပ်အာဏာပိုင်တွေကြား စေ့စပ်ညှိနှိုင်းမှုတွေ ပြုလုပ်မယ်ဆိုရင် သူမကို အ ကျဉ်းထောင်တစ်ခုအတွင်း အကျဉ်းချထားစဉ် ပြုလုပ်လို့မရဘူးလို့ ဗီဗီယန်က ဆိုပါတယ်။

အာဆီယံ အထူးကိုယ်စားလှယ်ကို မြန်မာနိုင်ငံသို့သွားရောက်ကာ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ တွေ့ဆုံခွင့်ပြုသင့်ကြောင်း သူက ပြောပါတယ်။

ဝန်ကြီးချုပ် လီရှန်လွန်း ယခင်က တောင်းဆိုခဲ့သလိုမျိုး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဉီးဝင်းမြင့်တို့ ကို လွှတ်ပေးဖို့ သူက ထပ်လောင်းတောင်းဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလက အာဏာသိမ်းမှုဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရကာ နိုင်ငံတ ကာသံတမန်များနဲ့ တွေ့ဆုံခွင့်မရဘဲ ဇူလိုင် ၉ ရက်နေ့မှာ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး ဒွန်ပရာမွတ်ဝီနိုင်းနဲ့ ၂ နှစ်ခွဲကျော်အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံ ဆွေးနွေးခွင့်ရခဲ့ကြောင်း သိရပါတယ်။

မြန်မာနိုင်ငံရေးအခက်ခဲနှင့်ပတ်သက်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများကြား စိုးရိမ် မှုများ မတူကွဲပြားမှုများရှိနေသော်လည်း အာဆီယံအနေဖြင့် အာဆီယံသဘော တူညီချက်ငါးချက်ကို အကောင်ထည်ဖော်ရေးကို စုစည်းညီညွှတ်စွာဖြင့် အဓိက ထား ကြိုးပမ်းမည်ဖြစ်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်။

#politicalnews

#newsfeature

#mizzima

Video အပြည့်အစုံကြည့်ရှုရန် - https://youtu.be/am4ifeIEbWA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly