မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေက အမြန်ကင်းလွတ်ဖို့ နည်းလမ်း မရှိတော့ဘူးလား

By မဇ္ဈိမ 
17 July 2023
မြန်မာပြည်သူတွေ ခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေက အမြန်ကင်းလွတ်ဖို့ နည်းလမ်း မရှိတော့ဘူးလား

မြန်မာပြည်မှာ အကြမ်းဖက် ဖြစ်စဉ်တွေ လျော့သွားပေမယ့် ဆက်လက် ဖြစ်ပွားနေလို့ လုံခြုံရေး၊ တည်ငြိမ် အေးချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေး အပြည့်အဝဆောင်ရွက်နိုင်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်က မနေ့က ထုတ်ပြောလိုက်ပါတယ်။

 

ဖောက်ခွဲဖျက်ဆီးမှု အကြိမ် ၅၀၀ နီးပါးအတွင်းမှာ သေဆုံးသူ ၇၈၂ ဦး ရှိခဲ့ပြီး ဒီနှစ်အတွင်း ဇူလိုင် ၁၁ ရက်နေ့အထိ ရရှိထားတဲ့ အချက်အလက်တွေကို ကိုးကားပြီး သူ့ရဲ့ အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

 

စစ်ကောင်စီအနေနဲ့ သက်တမ်း ၆ လထပ်တိုးတာဟာ လိုအပ်လို့ တိုးတာဖြစ်တယ်လို့လည်း အကြမ်းဖက် စစ်ကောင်စီ ခေါင်းဆောင်က ပြောပါသေးတယ်။

 

ဒီလကုန်ရင် အဲဒီ စစ်ကောင်စီရဲ့ သက်တမ်း ၆ လလည်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ စစ်ကောင်စီရဲ့ အခြေခံဥပဒေအရ စစ်အာဏာသိမ်းပြီး သက်တမ်း ၂ ခါတိုးပြီးရင် သက်တမ်း ထပ်တိုးခွင့် မရှိတော့ပါဘူး။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly